

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

ပရိသတ်တွေဖန်တီးပေးတဲ့ နှစ်သစ်လက်ဆောင်လေးကြောင့် ဝမ်းသာပီတိဖြစ်နေရတဲ့ ဖွေးဖွေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက အနုပညာလောကမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး အခုချိန်ထိတိုင် ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေဆဲပါ။ ဖွေးဖွေးက အနုပညာလောကမှာ (၁၃) နှစ်နီးပါး ရပ်တည်ခဲ့ပြီး အားပေးသူပရိသတ်တွေလည်း အများအပြား ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖွေးဖွေးက သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေဆီက နှစ်သစ်လက်ဆောင်လေးတစ်ခုကြောင့် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

ဖွေးဖွေးရဲ့ ပရိသတ်တွေက ဖွေးဖွေး ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော်စာက အမှတ်တရတွေကို တစုတစည်းတည်းနဲ့ ဗီဒီယိုလေး ပြုလုပ်ပေးထားတာဖြစ်ပြီး ဖွေးဖွေးကလည်း သူမ ကျော်ဖြတ်လာခဲ့တဲ့ နှစ်တွေကို ပြန်လည် တမ်းတနေပုံရပါတယ်။ ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ပရိသတ်တွေ လုပ်ထားတဲ့ နှစ်သစ်လက်ဆောင်ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ ငယ်ငယ်ကတည်းက ချစ်စရာကောင်းလာတာ ဒီနေ့အချိန်ထိ ပြောင်းလဲမှုမရှိလှနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ငယ်ဘဝအမှတ်တရပုံရိပ်တွေကို အမှတ်ရအောက်မေ့ပြီး သဘောကျ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။

Source: We Love Phway Sein’s fb
Bilie – Cele Connections

error: Alert: Content is protected !!