

 

 


 

Soure….G-fatt’s Facebook
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

“ပရိသတ်တွေက မြန်မာဝတ်စုံနဲ့လိုက်တယ်ပြောလို့ သဘောကျမဆုံးဖြစ်နေတဲ့ G-fatt”

မြန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ G-fattနဲ့ CeleConnectionsပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ G-fattကတော့ သီချင်းတော်တော်များများက သက်ဆိုင်တဲ့ခံစားချက်တွေနဲ့ ရေးဖွဲ့သီဆိုလှေ့ရှိတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့သီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါကြောင့် သူရဲ့သီချင်းအသစ်ထွက်ဖို့ကိုရပ်နားကာ အိမ်မှာနေရင်း ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ မြန်မာနှစ်ကူးနှစ်ဆန်းတစ်ရက်နေမှာ Gfattက”မင်းတို့ကတော့မြန်မာဝတ်စုံနဲ့လိုက်တယ် လို့ မြှောက်လိုက်တာပဲ ဒီကကောင်က နေ့တိုင်းဒီလိုဖြစ်နေပြီ”လို့ဆိုကာ သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးနဲ့လိုက်တယ်ပြောလို့ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် G-fattရဲ့ မြန်မာဝတ်စုံလေးဝတ်ထားတဲ့ပုံရိပ်လေးကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း G-fattကိုအားပေးတယ်ဆိုရင်  မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure….G-fatt’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!