” ပရိသတ္တစ္ေယာက္က သူမရဲ႕ ပံုတူပန္းခ်ီေလးကိုလက္တန္းဆြဲကာ ဗီဒီယိုဖိုင္ေလးျပုလုပ္ေပးခဲ့လို႕ အံ့ၾသေပ်ာ္ရႊင္ခဲ့တဲ့ Mary “

CeleConnections ပရိသတ္ႀကီးေရ Mary ကေတာ့ ဘယ္သူနဲ႔မွမတူတဲ့ တမူထူးျခားတဲ့ ဆိုဟန္အသံေလးနဲ႔ ” သူသိသြားၿပီ သီခ်င္းေလးကို Cover ျပန္ဆိုခဲ့တာေၾကာင့္ ပရိသတ္ေတြအထူးစိတ္ဝင္စားကာ ေအာင္ျမင္လာသူေလးပဲ ျဖစ္ပါတယ္။ေနာက္ထပ္ထြက္ရွိတဲ့ သူမရဲ႕ သီခ်င္းေတြျဖစ္တဲ့ မငိုပါနဲ႔ေတာ့ ၊ ဝဲ အစရွိတဲ့ သီခ်င္းေတြကလည္း ပရိသတ္ေတြရင္ထဲကိုေနရာယူခဲ့တာပါပဲေနာ္။

Mary ကေတာ့ အမ်ိဳးသား ပရိသတ္ေတြရဲ႕သည္းသည္းလႈပ္ဝန္းရံအားေပးျခင္းကိုခံရတဲ့သူပဲ ျဖစ္ပါတယ္။ဒါ့အျပင္ Ar-T နဲ႔ တြဲဖက္သီဆိုထားတဲ့ Silent သီခ်င္းေလးဟာဆိုရင္လည္း ပရိသတ္ေတြအထူးအားေပးႏွစ္ၿခိဳက္ခဲ့ၾကတဲ့ သီခ်င္းေလးေတြပဲ ျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာဆိုရင္ ႐ုပ္ရွင္ဇာတ္ကားေတြပါ႐ိုက္ကူးေနၿပီပဲ ျဖစ္ပါတယ္။

 

 

ဒီေန႔မွာေတာ့ Mary တစ္ေယာက္ သူမရဲ႕ ပရိသတ္တစ္ေယာက္ကသူမရဲ႕ ပံုတူပန္းခ်ီေလးကိုလက္တန္းဆြဲကာ သူမရဲ႕သီခ်င္းေလးနဲ႕ ဗီဒီယိုဖိုင္ေလးျပဳလုပ္ခဲ့တာေၾကာင့္ ” Wow I looovvvveee itttt!!! Thank you K.T.R Ar ” ဆိုတဲ့ စာေလးနဲ႕ အံ့ၾသဝမ္းသာခဲ့တာေတြ႕ရပါတယ္။ CeleConnections ပရိသတ္ႀကီးထဲမွာေရာ Mary ရဲ႕ပရိသတ္ေတြရွိရင္မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source :Mary
Candy – Cele Connection
ယူနီကုတ္ျဖင့္ဖတ္ရန္

” ပရိသတ်တစ်ယောက်က သူမရဲ့ ပုံတူပန်းချီလေးကိုလက်တန်းဆွဲကာ ဗီဒီယိုဖိုင်လေးပြုလုပ်ပေးခဲ့လို့ အံ့သြပျော်ရွှင်ခဲ့တဲ့ Mary ”

CeleConnections ပရိသတ်ကြီးရေ Mary ကတော့ ဘယ်သူနဲ့မှမတူတဲ့ တမူထူးခြားတဲ့ ဆိုဟန်အသံလေးနဲ့ ” သူသိသွားပြီ သီချင်းလေးကို Cover ပြန်ဆိုခဲ့တာကြောင့် ပရိသတ်တွေအထူးစိတ်ဝင်စားကာ အောင်မြင်လာသူလေးပဲ ဖြစ်ပါတယ်။နောက်ထပ်ထွက်ရှိတဲ့ သူမရဲ့ သီချင်းတွေဖြစ်တဲ့ မငိုပါနဲ့တော့ ၊ ဝဲ အစရှိတဲ့ သီချင်းတွေကလည်း ပရိသတ်တွေရင်ထဲကိုနေရာယူခဲ့တာပါပဲနော်။

Mary ကတော့ အမျိုးသား ပရိသတ်တွေရဲ့သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကိုခံရတဲ့သူပဲ ဖြစ်ပါတယ်။ဒါ့အပြင် Ar-T နဲ့ တွဲဖက်သီဆိုထားတဲ့ Silent သီချင်းလေးဟာဆိုရင်လည်း ပရိသတ်တွေအထူးအားပေးနှစ်ခြိုက်ခဲ့ကြတဲ့ သီချင်းလေးတွေပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ရုပ်ရှင်ဇာတ်ကားတွေပါရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Mary တစ်ယောက် သူမရဲ့ ပရိသတ်တစ်ယောက်ကသူမရဲ့ ပုံတူပန်းချီလေးကိုလက်တန်းဆွဲကာ သူမရဲ့သီချင်းလေးနဲ့ ဗီဒီယိုဖိုင်လေးပြုလုပ်ခဲ့တာကြောင့် ” Wow I looovvvveee itttt!!! Thank you K.T.R Ar ” ဆိုတဲ့ စာလေးနဲ့ အံ့သြဝမ်းသာခဲ့တာတွေ့ရပါတယ်။ CeleConnections ပရိသတ်ကြီးထဲမှာရော Mary ရဲ့ပရိသတ်တွေရှိရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Mary
Candy – Cele Connection

error: Alert: Content is protected !!