

 

 


 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

“ဒီကပ်ဆိုးကြီးကျရောက်လာတည်းက အစိုးရနဲ့ပြည်သူတွေအတွက် မလွယ်ကူဘဲပိုရှုပ်ထွေးမှုဖြစ်လာစေတယ်ဆိုတဲ့ ကျော်ကျော်ဗို”

CeleConnectionsပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ နှင်းဆီအငြိမ့်ဖွဲ့ရဲ့ လူရွှင်တော်တစ်ဦးဖြစ်တဲ့ကျော်ကျော်ဗိုနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ကျော်ကျော်ဗိုကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း အောင်မြင်တဲ့ မင်းသားတစ်လက်ဆိုလည်မမှားလောက်ပါဘူး။ ဆယ့်စုနှစ်ကတည်းက အခုချိန်ထိအောင်မြင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

ကျော်ကျော်ဗိုကတော့ အိမ်မှာနားနေရင်း ပရိသတ်တွေအတွက် ကိုရိုနာနဲ့ပတ်သက်တဲ့ပညာပေးဗဟုသုတများကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ကျော်ကျော်ဗိုက”ဟုတ်ပါတယ်တကယ်ကိုမလွယ်ပါဘူးခင်ဗျာ၊အခုလိုကပ်ဘေးသင့်အခြေအနေဟာ…ပြည်သူတွေအတွက်မလွယ်သလို..အစိုးရအတွက်လည်းမလွယ်ပါဘူး..မြန်မာနိင်ငံအတွက်မလွယ်သလို..တစ်ကမ္ဘာလုံးအတွက်လည်းမလွယ်ပါဘူး…စီမံခန့်ခွဲမှု့ရှုပ်ထွေးစေပါတယ် “လို့ဆိုကာ သူရဲ့ တွေ့မြင်ရတဲ့ခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကပ်ရောဂါကြီးကြောင့် စီမံခန့်ခွဲမှုတွေပိုရှုပ်ထွေးစေတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ကျော်ကျော်ဗိုရဲ့ခံစားချက်ကို ပြန်လည်ပြီမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေအမြင်မှာလည်း ကျော်ကျော်ဗိုပြောသလိုဘဲ ထပ်တူခံစားရမယ်ထင်ပါတယ်။
Soure…Kyaw Kyaw Bo’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!