

 


 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

 

” တစ်ယောက်သောသူကြောင့် သူရဲ့ရင်ခွင်လေးက နေပူစာလှုံတာတောင် မနွေးထွေးဘူးလို့ရင်ဖွင့်လာတဲ့အိစိကွေး”

ငယ်ငယ်ကလေးဘဝသရုပ်ဆောင်ခန်းတွေထဲကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အိစိကွေးကို ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အိစိကွေးကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် ဂီတပိုင်းမှာလည်း အောင်မြင်နေတဲ့အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့အသံချိုချိုလေးနဲ့ သီချင်းအေးအေးလေးတွေသီဆိုတာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကိုစွဲလမ်းစေမယ့် အဆိုတော်တစ်လက်ပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေကြောင့် အိမ်အပြင်မထွက်ရဘဲ အိမ်ထဲမှာနေရင်း အမှတ်တရပုံရိပ်လေးတွေနဲ့ သီချင်းအသစ်လေးတွေကို ကိုယ်တိုင်ရေးထားတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ အိစိကွေးက “နေပူစာလှုံတာတောင် မင်းမရှိလို့ ဒီရင်ခွင်ကနွေးထွေးဘူး”ဆိုတဲ့ သူရဲ့ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်အတွက်ရည်ရွယ်ပြီ သူရဲ့ခံစားချက်လေးကို တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် အိစိကွေးရဲ့ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း အိစိကွေးကိုချစ်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure….Ei Si Kway’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!