

 

 


 

 


 

Source: M Seng Lu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ငယ်ငယ်က ဘယ်သူမှစိတ်မဝင်စားတဲ့ ကောင်မလေးကလည်း အခုသည်းသည်းလှုပ်အချစ်ခံရသူ ဖြစ်လာနိုင်ကြောင်း သက်သေပြလိုက်တဲ့ M ဆိုင်းလူ

နာမည်ကြီး စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ M ဆိုင်းလူက သူမရဲ့ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ အမိုက်စား ခန္ဓာကိုယ်ကြောင့် ပရိသတိတွေရဲ့ ဝန်းရံခြင်း ခံနေရသူလေး ဖြစ်ပါတယ်။ M ဆိုင်းလူက မြန်မာနိုင်ငံရဲ့ ထိပ်တန်း မော်ဒယ်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အချိန်အတော်ကြာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ M ဆိုင်းလူက သူမ ဝါသနာပါတဲ့ မော်ဒယ်အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်ကိုင်နေပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် ပြုလုပ်တာတော့ နည်းပါးပါတယ်။

ဒီနေ့မှာတော့ M ဆိုင်းလူက သူမရဲ့ ငယ်ငယ်ကျောင်းသူဘဝက အမှတ်တရပုံလေးကိုတင်ပြီး “ငယ်ငယ်တုန်းက ယူတို့စိတ်မဝင်စားလောက်တဲ့ ကောင်မလေးကလည်း အခု ယူတို့သည်းသည်းလှုပ်နေရတဲ့ မတ်မတ်လု ဖြစ်လာနိုင်တာပဲလေ 😁 ကဲ ချစ်သေးရဲ့လား ပြောသွားဦး😝” ဆိုပြီး သူမရဲ့ ပရိသတ်တွေကို မေးခွန်းထုတ်ထားပါတယ်။

M ဆိုင်းလူကတော့ အသက်တစ်ရက်ကြီးလာလေ ပိုလှလာလေပဲနော်။ ပရိသတ်ကြီးရော M ဆိုင်းလူရဲ့ မြင်ရခဲတဲ့ ငယ်ဘဝအမှတ်တရ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။

Source: M Seng Lu’s fb
Bilie – Cele Connections

error: Alert: Content is protected !!