

 

 


 

 

ယူနီကုဒ်​ဖြင့်​ဖတ်​ရန်

“ကိုဗစ်ရောဂါတွေကြောင့် အိမ်ထဲမှာနေရင်း သူမ လုပ်ချင်တဲ့အရာလေးတွေမလုပ်ရလို့ အားမရဖြစ်နေတယ်ဆိုတဲ့ ခိုင်နှင်းဝေ”

 

ဆယ်စုနှစ်တစ်ခုတည်းကအောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးခိုင်နှင်းဝေနဲ့CeleConnectionsပရိသတ်တွေနဲ့အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်နှင်းဝေကတော့ သူမရဲ့အနုပညာကြေးလေးထဲကမှစုဆောင်းကာ မိဘမဲ့ဂေဟာလေးကို တည်ထောင်လာတဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ ပရဟိတပိုင်းတွေမှာလည်း လိုအပ်နေတဲ့သူတွေကို သူမကိုယ်တိုင်ပါဝင်ဆောင်ရွက်လှူဒါန်းခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့အချစ်ရေးလေးဟာဆိုရင် ပရိသတ်တွေအားကျရဆုံးအတွဲတစ်တွဲပါပဲနော်။ သူမကတော့ ကိုရိုနာရောဂါတွေပိုမိုပြန့်နှံနေတာကြောင့် အိမ်ထဲမှာဘဲနေရင်း ချစ်ရတဲ့သမီးလေးနဲ့အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက”အလှူတွေလုပ်ချင်တယ်၊ ပရဟိတတွေကူညီချင်တယ်၊ခုအိမ်ထဲမှာနေနေရတယ်၊ကိုယ့်ကိုကိုယ်အားတွေမရဘူး”ဆိုတဲ့သူမရဲ့ခံစားချက်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnectionsပရိသတ်တွေအတွက် ခိုင်နှင်းဝေရဲ့ခံစားချက်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ခိုင်နှင်းဝေကို အားပေးချစ်ခင်တယ်ဆိုရင် မှ တ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure…Khine Hnin Wai’s Myday
Angella(CeleConnections)

error: Alert: Content is protected !!