

 

 


 


Source: Nansu Yati Soe
ယူနီကုတ်ဖြင့်ဖတ်ရန်

“နှစ်သစ်ကူးမှာ ပရိသတ်တွေကို အထူးဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ နန်းဆုရတီစိုးရဲ့ဗီဒီယိုဖိုင် ”

CeleConnectionsပရိသတ်ကြီးရေ နန်းဆုရတီစိုးကတော့ အသားအရေဆိုအပြစ်ပြောစရာမရှိအောင်လှပလွန်းလှတဲ့ရှမ်းတရုတ်ကပြားမလေးဆိုတာ အထူးတလည်ပြောပြစရာမလိုလောက်ပါဘူးနော်။သူမကတော့ သရုပ်ဆောင်မင်းသမီးလည်းဖြစ်သလို အဆိုပိုင်းမှာလည်းအောင်မြင်တဲ့ သူတစ်ယောက်ဆိုတာ မှားမယ်မထင်ပါဘူးနော် ။

ဆယ်စုတစ်တစ်ခုအကြာထဲက သီချင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလောက်တဲ့ထိ အောင်မြင်ခဲ့တာပါ။ လက်ရှိမှာလည်း သီချင်းအသစ် Music Video တွေ ဆက်တိုက်ထွက်ရှိကာ ပရိသတ်တွေကြားမှာ အပြောများနေတဲ့ အနုပညာရှင်တစ်ဦးလို့တောင် ဆိုရမှာပါ။

Covid 19နဲ့ပတ်သက်ပြီးလည်း ပရိသတ်တွေအထူးသတိထားဆောင်ရန်ရှောင်ရန်တွေအပြင် အိမ်မှာနေတဲ့ အခါ မငြီးငွေ့အောင်နေလို့ရမယ့်နည်းလမ်းလေးတွေကိုလည်း ဝေမျှခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မြန်မာလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ​့မှာ ပရိသတ်တွေကိုအထူးဆုမွန်ကောင်းတွေတောင်းပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်လာခဲ့တာပါ။CeleConnections ပရိသတ်ကြီးရော နန်းဆုတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး ​သဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source: Nansu Yati Soe
Candy -CeleConnections

error: Alert: Content is protected !!