ယူနီကုဒ်ဖြင့်ဖတ်ရန်
“နှစ်ဆန်းတစ်ရက်နေ့လေးမှာ သူမတတ်နိင်သလောက်လေးနဲ့ ရပ်ကွက်ဓမ္မာရုံမှာ လှူဒါန်းခဲ့တဲ့ စန္ဒီမြင့်လွင်”
မြန်မာနိုင်ငံရဲ့နာ်မည်ကျော်အဆိုတော်တွေထဲကမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ စန္ဒီမြင့်လွင်နဲ့ CeleConnections ပရိသတ်တွေရင်းနှီးပြီးလောက်မယ်ထင်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ သီချင်းဆိုတဲ့ အပိုင်းမှာ Rap သီချင်းတွေနဲ့ Pop သီချင်းအေးအေးလေးတွေကို သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သီချင်းဖြစ်တဲ့ “ချစ်နေတုန်းပဲ”သီချင်းကတော့ အခုချိန်ထိ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့ သီချင်းပဲဖြစ်ပါတယ်။
စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးခင်လင်းထင်လေးနဲ့ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲနော်။ သူမရဲ့ သမီးချောလေးပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဒီနေ့ကတော့ မြန်မာနှစ်သစ်ကူးရဲ့ နှစ်ဆန်းတစ်ရက်နေ့လေးဖြစ်တာကြောင့် စန္ဒီမြင့်လွင်က” နှစ်ဆန်းတစ်ရက်နေ့အလှူ ကိုယ်တိုင်ကိုယ်ကျမလှူနိုင်ပေမဲ့ရပ်ကွက်ဓမ္မာရုံမှာပဲလှူခဲ့ပါတယ်။ကူညီပေးတဲ့မောင်ထွန်းမိသားစုကျေးဇူးတင်ပါတယ်။ စည်းကမ်းတကျ အချိန်ခွဲပီး ၆ပေအခွါမှယူတယ်လို့လဲသိရတဲ့အတွက်ဝမ်းသာကြည်နူးမိပါတယ်” လို့ဆိုကာ သူမရဲ့အလှူဒါန်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မလှူနိုင်ပေးမယ့် သူမတို့ရဲ့ ရပ်ကွက်ဓမ္မာရုံမှာဘဲ တတ်နိုင်သလောက်လေးကို လှူဒါန်းခဲ့ကြောင်းကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်တို့မိသားစုလေးရဲ့ အလှူဒါန်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်ရဲ့ အလှူဒါန်းလေးကြောင့် ဝမ်းသာပီတိဖြစ်မယ်ထင်ပါတယ်။
Soure…Sandy Myint Lwin’s Facebook
Angella(CeleConnections)
error: Alert: Content is protected !!