ေသြးလိုအပ္ေနေသာ လူနာမ်ားအတြက္ ေသြးလွဴဒါန္းေပးရင္း နွစ္ဆန္းတစ္ရက္ေန့ေလးကို ျဖတ္သန္းခဲ့တဲ့ ေအးျမတ္သူ

မင္းသမီးေခ်ာေလး ေအးျမတ္သူက အကယ္ဒမီဆုၾကီးတစ္ဆုကို ထိုက္ထုိက္တန္တန္ ဆြတ္ခူးရရိွပိုင္ဆိုင္ထားျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွထားသူတစ္ေယာက္ ျဖစ္ပါတယ္။ လူေလးလွသလို စိတ္ထားေလးလည္း ေကာင္းမြန္ျပည့္စံုတဲ့ ေအးျမတ္သူက လတ္တေလာမွာေတာ့ Covid – 19 ေရာဂါ ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ေအးျမတ္သူက ဒီေန့မွာလည္း နွစ္သစ္ကူးအလွဴအျဖစ္ ေကာင္းမႈေလးတစ္ခုကို ျပဳလုပ္ခဲ့ေၾကာင္းကို အခုလို ျပဳလုပ္ထားပါတယ္။

 

 

“ျမန္မာသကၠရာဇ္ ၁၃၈၂ ခုႏွစ္ ႏွစ္ဆန္းတရက္ေန႔ ႏွစ္ဦးေကာင္းမႈအလွဴ ေသြးလိုအပ္ေနေသာလူနာမ်ားအတြက္ က်န္းမာေသာခ်စ္ရသူတို႔​၏ေသြးမ်ား လိုအပ္ေနပါသည္ရွင့္။ မျမတ္ေလးျပဳေသာေကာင္းမႈ႕အလႉေလးကိုေတြ႕ျမင္ၿပီး ခ်စ္ရတဲ့မိတ္ေဆြသူငယ္ခ်င္းေတြလည္း မုဒိတာပြားရင္း လႉခ်င္စိတ္ေလး ျဖစ္လာမယ္ဆို မျမတ္ေလးကုသိုလ္ပိုရမယ္လို႔ ေတြးထင္ၿပီး မွ်ေဝတာပါရွင့္။ ၇ရက္သားသမီးမ်ားအားလုံး စိတ္ေသာကေတြ အျမန္ဆုံးကင္းလႊတ္ၿငိမ္းၾကပါေစရွင္” ဆိုျပီး ေျပာျပထားပါတယ္။

 

 

ေအးျမတ္သူကေတာ့ နွစ္သစ္ကူး နွစ္ဆန္းတစ္ရက္ေန့မွာေတာ့ မြန္ျမတ္လွတဲ့ ေကာင္းမွုကုသိုလ္ေလးကို ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နွစ္ဆန္းတစ္ရက္ေန့မွာ ေကာင္မႈေတြအမ်ားၾကီး ျပဳလုပ္နိုင္ၾကပါေစေနာ္။

 

 

Source: Aye Myat Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သွေးလိုအပ်နေသော လူနာများအတွက် သွေးလှူဒါန်းပေးရင်း နှစ်ဆန်းတစ်ရက်နေ့လေးကို ဖြတ်သန်းခဲ့တဲ့ အေးမြတ်သူ

မင်းသမီးချောလေး အေးမြတ်သူက အကယ်ဒမီဆုကြီးတစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိပိုင်ဆိုင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ လူလေးလှသလို စိတ်ထားလေးလည်း ကောင်းမွန်ပြည့်စုံတဲ့ အေးမြတ်သူက လတ်တလောမှာတော့ Covid – 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အေးမြတ်သူက ဒီနေ့မှာလည်း နှစ်သစ်ကူးအလှူအဖြစ် ကောင်းမှုလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်းကို အခုလို ပြုလုပ်ထားပါတယ်။

“မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် နှစ်ဆန်းတရက်နေ့ နှစ်ဦးကောင်းမှုအလှူ သွေးလိုအပ်နေသောလူနာများအတွက် ကျန်းမာသောချစ်ရသူတို့၏သွေးများ လိုအပ်နေပါသည်ရှင့်။ မမြတ်လေးပြုသောကောင်းမှု့အလှူလေးကိုတွေ့မြင်ပြီး ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေလည်း မုဒိတာပွားရင်း လှူချင်စိတ်လေး ဖြစ်လာမယ်ဆို မမြတ်လေးကုသိုလ်ပိုရမယ်လို့ တွေးထင်ပြီး မျှဝေတာပါရှင့်။ ၇ရက်သားသမီးများအားလုံး စိတ်သောကတွေ အမြန်ဆုံးကင်းလွှတ်ငြိမ်းကြပါစေရှင်” ဆိုပြီး ပြောပြထားပါတယ်။

အေးမြတ်သူကတော့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာတော့ မွန်မြတ်လှတဲ့ ကောင်းမှုကုသိုလ်လေးကို ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှစ်ဆန်းတစ်ရက်နေ့မှာ ကောင်မှုတွေအများကြီး ပြုလုပ်နိုင်ကြပါစေနော်။

Source: Aye Myat Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!