ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ နွစ္သစ္အလွဴျပဳလုပ္ရင္း Covid-19 အတြက္ တာဝန္ထမ္းေဆာင္ေနသူမ်ားကို ေက်းဇူးတင္စကားေျပာလိုက္တဲ့ မိုးေဟကို

ပရိသတ္ၾကီးေရ.. ဒီကေန့ ျမန္မာနွစ္ဆန္းတစ္ရက္ေန့မွာေတာ့ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတို့က တစ္ေနကုန္ ေကာင္းမွဴကုသိုလ္ေတြ ျပဳလုပ္ရင္း ျဖတ္သန္းေလ့ရိွၾကတာပဲ ျဖစ္ပါတယ္။ ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္တဲ့ မိုးေဟကိုကလည္း နွစ္သစ္မွာ ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ရင္း နွစ္သစ္ဆုမြန္ေကာင္းေလး ဆုေတာင္းထားတာကို ေတြ့ရပါတယ္။

 

 

“ျမန္မာ့႐ိုးရာ အတာသၾကၤန္ ႏွစ္ဆန္း ၁ ရက္ေန႔မွာ မိုးတို႔ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ားအားလုံး ကိုယ္ စိတ္ႏွလုံး က်န္းမာရႊင္လန္းၾကပါေစ။ လူမ်ိဳးဘာသာအားလုံး ခ်စ္ခင္စြာ အတူလက္တြဲၿပီး စိတ္ရွည္မႈ၊ သည္းခံမႈ၊ ညီၫြတ္မႈေတြနဲ႔ ကပ္ေရာဂါေဘးမွ လ်င္ျမန္စြာ ေက်ာ္ျဖတ္ႏိုင္ပါေစ။ ႏွစ္သစ္မွာ ေရာဂါဘယ ကင္းေဝးၿပီး ေကာင္းက်ိဳး လိုအင္ဆႏၵေတြ ျပည့္စုံပါေစလို႔ ႏွစ္သစ္ ဆုမြန္ေကာင္း ေတာင္းလိုက္ပါတယ္။”

 

 

“ႏွစ္သစ္အလႈ အေနနဲ႔ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ တာဝန္က် ဆရာဝန္ ဆရာမမ်ားနဲ႔ volunteer (၁၅၀)စာအတြက္ ေန႔လည္စာ အစာအဟာရ အျဖစ္အလႈ ျပဳလုပ္ခဲ့ပါတယ္။ ျဖစ္ခ်င္တဲ့ ဆႏၵကို အေကာင္အထည္ေဖာ္ သြားေရာက္လွဴဒါန္းေပးၾကတဲ့ ေ႐ႊၾကပရဟိတ အသင္းမွ တာဝန္ရွိသူေတြကိုလဲ ေလးစားစြာ ေက်းဇူးအထူးတင္အပ္ပါတယ္။ covid-19အတြက္ ကႏၲအသီးသီးမွ တာဝန္ထမ္းေဆာင္ေနေသာ တစ္ဦးတစ္ေယာက္ခ်င္းဆီကိုလည္း အထူးေလးစားစြာေက်းဇူးတင္အပ္ပါတယ္။” ဆိုျပီး ေျပာထားပါတယ္။

 

 

မိုးေဟကိုကေတာ့ နွစ္သစ္ကို မဂၤလာရိွရိွနဲ့ အလွဴအတန္းေတြ ျပဳလုပ္ရင္း ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မိုးေဟကိုရဲ့ ကုသိုလ္ေလးအတြက္ သာဓုေခၚေပးၾကပါဦးေနာ္။

 

Source: Moe Hay Ko’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ နှစ်သစ်အလှူပြုလုပ်ရင်း Covid-19 အတွက် တာဝန်ထမ်းဆောင်နေသူများကို ကျေးဇူးတင်စကားပြောလိုက်တဲ့ မိုးဟေကို

ပရိသတ်ကြီးရေ.. ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာတော့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က တစ်နေကုန် ကောင်းမှူကုသိုလ်တွေ ပြုလုပ်ရင်း ဖြတ်သန်းလေ့ရှိကြတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့ မိုးဟေကိုကလည်း နှစ်သစ်မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း နှစ်သစ်ဆုမွန်ကောင်းလေး ဆုတောင်းထားတာကို တွေ့ရပါတယ်။

“မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်ဆန်း ၁ ရက်နေ့မှာ မိုးတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ် စိတ်နှလုံး ကျန်းမာရွှင်လန်းကြပါစေ။ လူမျိုးဘာသာအားလုံး ချစ်ခင်စွာ အတူလက်တွဲပြီး စိတ်ရှည်မှု၊ သည်းခံမှု၊ ညီညွတ်မှုတွေနဲ့ ကပ်ရောဂါဘေးမှ လျင်မြန်စွာ ကျော်ဖြတ်နိုင်ပါစေ။ နှစ်သစ်မှာ ရောဂါဘယ ကင်းဝေးပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်စုံပါစေလို့ နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။”

“နှစ်သစ်အလှု အနေနဲ့ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တာဝန်ကျ ဆရာဝန် ဆရာမများနဲ့ volunteer (၁၅၀)စာအတွက် နေ့လည်စာ အစာအဟာရ အဖြစ်အလှု ပြုလုပ်ခဲ့ပါတယ်။ ဖြစ်ချင်တဲ့ ဆန္ဒကို အကောင်အထည်ဖော် သွားရောက်လှူဒါန်းပေးကြတဲ့ ရွှေကြပရဟိတ အသင်းမှ တာဝန်ရှိသူတွေကိုလဲ လေးစားစွာ ကျေးဇူးအထူးတင်အပ်ပါတယ်။ covid-19အတွက် ကန္တအသီးသီးမှ တာဝန်ထမ်းဆောင်နေသော တစ်ဦးတစ်ယောက်ချင်းဆီကိုလည်း အထူးလေးစားစွာကျေးဇူးတင်အပ်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

မိုးဟေကိုကတော့ နှစ်သစ်ကို မင်္ဂလာရှိရှိနဲ့ အလှူအတန်းတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိုးဟေကိုရဲ့ ကုသိုလ်လေးအတွက် သာဓုခေါ်ပေးကြပါဦးနော်။

Source: Moe Hay Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!