

 


 

 


 

 

Source : Htoo Khant
ယူနီကုတ်ဖြင့်ဖတ်ရန်

” အိမ်မှာပဲချစ်ဇနီးလေးနဲ့ ရေဆော့ကာ သင်္ကြန်နောက်ဆုံးနေ့ကို နှုတ်ဆက်လိုက်တယ်ဆိုတဲ့ ရွှေထူး ”

CeleConnections ပရိသတ်ကြီးရေ ရွှေထူးကတော့ နှုတ်ခမ်းနီမလေးတွေ အရွယ်စုံအားပေး ခြင်းခံရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ သီချင်းတွေဟာ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားလေ့ရှိတာဖြစ်ပါတယ်။ သူ့ကိုအားပေးတဲ့ပရိသတ်တွေထဲမှာ နှုတ်ခမ်းနီမလေးတွေအများအပြားဖြစ်သလို ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးခြင်းလည်းရရှိသူလို့ဆိုနိုင်ပါတယ်။

ရွှေထူးကတော့ အဆိုပိုင်းအပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်သရုပ်ဆောင်ဘက်ပါ ကူးပြောင်းလာတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ဘက်မှာလည်း တက်သစ်စသရုပ်ဆောင်ဖြစ်ပေမယ့် တကယ့် ဝါရင့်အနုပညာရှင်တွေဆီကရသလောက် ပညာတွေကို သင်ယူလေ့ရှိသူတစ်ဦးပါပဲနော်။

ရွှေထူးရဲ့အိမ်ထောင်ရေးကတော့ ရွှေထူးလို့ပြောလိုက်တာနဲ့ ရွှေမှုံကိုပါတွဲပြီး တွေးမိရလောက်တဲ့ထိ ချစ်ကြတဲ့ ဇနီးမောင်နှံပါပဲနော်။ဒီနေ့မှာလည်း ရွှေထူးရဲ့ လူမှုကွန်ရက်စာမျက်နှာ My Day မှာ သင်္ကြန်ကို ” အိမ်ကကလေးတွေနဲ့ ဖြတ်သန်းလိုက်တယ် Bye Thingyan ” ဆိုတဲ့ စာလေးနဲ့ အမှတ်တရပုံလေးကိုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးရော သင်္ကြန်ကိုဘယ်လိုနှုတ်ဆက်ခဲ့လဲဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Source : Htoo Khant
Candy -CeleConnections

error: Alert: Content is protected !!