

 


 


 

Source : Thandar Bo
ယူနီကုတ်ဖြင့်ဖတ်ရန်

” အသည်းကျော်တူမလေးကို ခေါင်းအုံး Challenge လေးလုပ်ခိုင်းခဲ့တဲ့ သန္တာဗိုလ် ”

CeleConnectionsပရိသတ်ကြီးရေ သန္တာဗိုလ်ကတော့ သူမရဲ့မိခင်ကြီး ဧပြီ( ၈ )ရက်နေ့မှာ ရုတ်တရက် ဆုံးပါးသွာခဲ့တာကြောင့် စိတ်ထိခိုက်မှုများစွာနဲ့ သူမလူမှုကွန်ရက်စာမျက်နှာရဲ့ profile ကို ဝမ်းနည်းခြင်အထိမ်းအမှတ် အမဲရောင်ကို ယနေ့ထိထားထားဆဲ ဖြစ်ပါတယ်။ သန္တာဗိုလ်ကတော့အမြဲ ပျော်ပျော်နေတတ်တဲ့ မင်းသမီးလေးဖြစ်ပေမယ့် အခုလိုအချိန်မှာတော့ သူမရင်ထဲပြောမပြတတ်အောင်ဝမ်းနည်းနေမှာအမှန်ပါပဲနော်။

သူမရဲ့ဝမ်းနည်းမှုကိုတွေ သူမရဲ့အသည်းကျော် တူ ၊ တူမလေးတွေဖြစ်တဲ့ ချောရတနာရဲ့ ရင်သွေးလေးတွေနဲ့ အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ” ကိုယ်ကမရိုက်ချင်သေးတော့ တူမတော် CoCo ကို ကလိ…pose ကသင်စရာတောင်မလို ”ဆိုတဲ့စာလေးနဲ့ ချစ်စရာတူမလေးရဲ့ စတိုင်အပြည့်နဲ့ ပဲပေးနေတဲ့ ပုံရိပ်လေးနဲ့ challenge. လုပ်နေကြတဲ့အတိုင်း တူမလေးကို ပြင်ဆင်ပေးခဲ့တာပါ။

ချစ်စရာကောင်းတဲ့တူမလေးကြောင့် သန္တာဗိုလ်ကတော့ ဝမ်းနည်းမှုတွေအနည်းအများသက်သာနေမှာအမှန်ပါပဲနော်။ CeleConnectionsပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သန္တာဗိုလ်ရဲ့အသည်းကျော်တူမလေးကိုချစ်ရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Thandar Bo
Candy -CeleConnections

error: Alert: Content is protected !!