“အလွဴရွင္ မရွိတဲ့အခ်ိန္ ကေလးေတြအတြက္ လွဴဒါန္းေပးတဲ့ ေနေဒြး၊မီးနိုနဲ႕ ေမကိုကိုတို႕ကို ေက်းဇူးတင္စကားဆိုလိုက္တဲ့ ခိုင္နွင္းေဝ”

ပရဟိတလုပ္ငန္းေတြနဲ႕ မိဘမဲ့ေဂဟာကိုပါ လုပ္ကိုင္ေဆာင္ရြက္ေနတဲ့ နာမည္ေက်ာ္မင္းသမီးတစ္ဦးျဖစ္တဲ့ ခုိင္ႏွင္းေဝနဲ႕ ပရိသတ္ေတြကို တရင္းတႏွီးမိတ္ဆက္ေပးဖို႕မလုိေလာက္ဘူးထင္ပါတယ္။ ခိုင္ႏွင္းေဝကေတာ့ ဆယ့္စုနွစ္တည္းကေအာင္ျမင္ေက်ာ္ၾကားေနတဲ့ မင္းသမီးတစ္လက္ဆိုလည္းမမွားေလာက္ပါဘူးေနာ္။ သူမရဲ႕အခ်စ္ေရးဟာဆိုရင္ ပရိသတ္ေတြရဲ႕အားက်ရဆုံးျဖစ္တဲ့ အတြဲေတြထဲက တစ္တြဲအပါအဝင္ပဲျဖစ္ပါတယ္။

 

ခိုင္နွင္းေဝကေတာ့ သူမရဲ႕ ရသမွ်ေလးထဲက ဝါသနာပါျပီ ကူညီစာနာတတ္တဲ့စိတ္ေၾကာင့္ မိဘမဲ႕ေဂဟာတည္ေထာင္လိုက္တာပါပဲေနာ္။ သူရဲ႕ေဂဟာရဲ႕ လုိအပ္ေနတဲ့တခ်ိဳ႕ကို အနုပညာရွင္ေတြက လာေရာက္လွဴဒါန္းခဲ့တဲ့ ပုံရိပ္ေလးေတြနဲ႕ ခ်စ္စရာေကာင္းတဲ့ သမီးေခ်ာေလး ရႊန္္းရႊန္္းရဲ႕ အမွတ္တရပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႕မွာေတာ့ ခိုင္နွင္းေဝက” ႏွစ္ဆန္း ၁ ရက္ေန႔ ျမန္မာတို႔ရဲ႕ မဂၤလာရွိတဲ့ ေန႔ေလးမွာ ဗိုင္းရပ္စ္ေတြေၾကာင့္ အလႉရွင္မရွိေတာ့တဲ့အခ်ိန္မွာ ကေလးေတြကို စာနာစိတ္အျပည့္နဲ႔ ဆန္,ႏို႕မႈန္႔,ဒိုက္ဘာ အစရွိသည္တို႔ကိုလာေရာက္လႉဒါန္းေပးတဲ့ သ႐ုပ္ေဆာင္ ေမာင္ေလး ေနေဒြး,အဆိုေတာ္ ညီမေလး မီးႏို,အဆိုေတာ္ ေမကိုကို တို႔ကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္..လႉဒါန္းမႈအတြက္လဲ သာဓုေခၚပါတယ္ရွင္”လို႕ဆိုကာ သူမရဲ႕လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္လာခဲ့တာပဲျဖစ္ပါတယ္။

 

CeleConnections ပရိသတ္ေတြအတြက္ ေနေဒြး, မီးနို, ေမကိုကိုတို႕က ခိုင္နွင္းေဝေဂဟာေလးမွာ သြားေရာက္လွဴဒါန္းခဲ့တဲ့ပုံရိပ္ေတြကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ႀကီးကလည္း သူတို႕သုံးေယာက္ရဲ႕ စာနာစိတ္အျပည့္နဲ႕ လွဴဒါန္းမႈေလးကို ၾကည့္ရင္း ဝမ္းသာပီတိျဖစ္ၾကမယ္ထင္ပါတယ္။

Soure… Khine Hnin Wai’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

“အလှူရှင် မရှိတဲ့အချိန် ကလေးတွေအတွက် လှူဒါန်းပေးတဲ့ နေဒွေး၊မီးနိုနဲ့ မေကိုကိုတို့ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ခိုင်နှင်းဝေ”

 

ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ဂေဟာကိုပါ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေနဲ့ ပရိသတ်တွေကို တရင်းတနှီးမိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခိုင်နှင်းဝေကတော့ ဆယ့်စုနှစ်တည်းကအောင်မြင်ကျော်ကြားနေတဲ့ မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမရဲ့အချစ်ရေးဟာဆိုရင် ပရိသတ်တွေရဲ့အားကျရဆုံးဖြစ်တဲ့ အတွဲတွေထဲက တစ်တွဲအပါအဝင်ပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ ရသမျှလေးထဲက ဝါသနာပါပြီ ကူညီစာနာတတ်တဲ့စိတ်ကြောင့် မိဘမဲ့ဂေဟာတည်ထောင်လိုက်တာပါပဲနော်။ သူရဲ့ဂေဟာရဲ့ လိုအပ်နေတဲ့တချို့ကို အနုပညာရှင်တွေက လာရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေး ရွှန်းရွှန်းရဲ့ အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက” နှစ်ဆန်း ၁ ရက်နေ့ မြန်မာတို့ရဲ့ မင်္ဂလာရှိတဲ့ နေ့လေးမှာ ဗိုင်းရပ်စ်တွေကြောင့် အလှူရှင်မရှိတော့တဲ့အချိန်မှာ ကလေးတွေကို စာနာစိတ်အပြည့်နဲ့ ဆန်,နို့မှုန့်,ဒိုက်ဘာ အစရှိသည်တို့ကိုလာရောက်လှူဒါန်းပေးတဲ့ သရုပ်ဆောင် မောင်လေး နေဒွေး,အဆိုတော် ညီမလေး မီးနို,အဆိုတော် မေကိုကို တို့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်..လှူဒါန်းမှုအတွက်လဲ သာဓုခေါ်ပါတယ်ရှင်”လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။

CeleConnections ပရိသတ်တွေအတွက် နေဒွေး, မီးနို, မေကိုကိုတို့က ခိုင်နှင်းဝေဂေဟာလေးမှာ သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်တွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း သူတို့သုံးယောက်ရဲ့ စာနာစိတ်အပြည့်နဲ့ လှူဒါန်းမှုလေးကို ကြည့်ရင်း ဝမ်းသာပီတိဖြစ်ကြမယ်ထင်ပါတယ်။

Soure… Khine Hnin Wai’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!