


 

ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမပြိုင်ပွဲတုန်းကအတိုင်း မိုးစက်တစ်ယောက်လုပ်ပေးခဲ့တဲ့ အရုပ်လေးကို သဘောကျမဆုံးဖြစ်နေတဲ့ အေးမြဖြူ”

Myanmar Idol Season(4)ရဲ့ Runner Upတစ်ဦးဖြစ်တဲ့ အေးမြဖြူလေးကိုတော့ CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ငယ်ငယ်ကတည်းက အခုအရွယ်ရောက်တဲ့အထိ အားပေးမှုကို အများဆုံးရရှိလာတဲ့ တက်သစ်စ အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။အေးမြဖြူလေးကတော့ သီချင်းအသစ်တွေထွက်ရှိလာနိုင်အောင်လည်း ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေကြောင့် သူမရိုက်ကူးနေတဲ့ရုပ်ရှင်တွေကော သီချင်းအသစ်ထွက်လာနိုင်ဖို့ကော ရပ်နားထားရပြီး အိမ်ထဲမှာနေရင်း မိုးစက်လေးတွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ အေးမြဖြူကတော့” အသက်ကြီးလာရင် ဒီအရုပ်လေးမြင်တိုင်း(၁၆)နှစ်ကို ပြန်ရောက်သွားသလို ခံစားရမှာ”လို့ မိုးစက်လေးတွေထဲကတစ်ယောက်လုပ်ပေးထားတဲ့ အရုပ်လေးကို သဘောကျကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရုပ်နဲ့ တူတဲ့ အရုပ်လေးကို လုပ်ပေးလိုက်တဲ့ မိုးစက်လေးကြောင့် သဘောကျစွာနဲ့ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် အေးမြဖြူလေးနဲ့ တူတဲ့ အရုပ်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်း အေးမြဖြူလေးကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။
Soure…. Aye Mya Phyu’s Myday
Angella(CeleConnections)

error: Alert: Content is protected !!