

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သူမရဲ့ ချီလီလေးတွေအတွက် အလိုအပ်ဆုံး နှစ်သစ်ဆုမွန်ကောင်းလေး တစ်ခုကို တောင်းပေးလိုက်တဲ့ နေခြည်ဦး”

Beauty Blogger မင်းသမီးချောလေး နေခြည်ဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မှာပါနော်..။ အမိုက်စား ဖက်ရှင်ဒီဇီုင်းတွေနဲ့ လှပလွန်းတဲ့ ချီချီလေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အများဆုံး ချစ်ခင် အားပေးမှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်..။ ချီချီကတော့ ကျရာဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ကိုယ့်ကိုယ်ကို အကောင်းဆုံးတိုးတက်အောင် လုပ်ဆောင်သူလို့ ဆိုရင် မှားမယ် မထင်ပါဘူးနော်..။

နေခြည်ကတော့ အနုပညာအလုပ်တွေကို ခဏရပ်နားထားပြီး သူမရဲ့ Beauty Blogger အလုပ်လေးကို ပြန်လည်လုပ်ကိုင်နေပြီး ချစ်ရတဲ့ ချီလီလေးတွေနဲ့အတူ အေးဆေးပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။ ဒီနေ့ ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ နေခြည်လေးက သူမရဲ့ ချီလီလေးတွေအတွက် အမိုက်စား နှစ်သစ်ဆုမွန်ကောင်းလေးကို “နှစ်သစ်မှာ အချစ်သစ်ရပါစေ TINGGGGG ..Happy Myanmar New Year” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေးမှာ တင်လာခဲ့ပါတယ်..။

ချီချီကတော့ ချီလီလေးတွေထဲက Single လေးတွေအတွက် အလိုအပ်ဆုံးနှစ်သစ် ဆုမွန်ကောင်းလေးကို တောင်းပေးလိုက်တဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။Cele Connections ပရိသတ်ကြီးထဲက Single လေးတွေလည်း နေခြည်ဦးလေးရဲ့ ဆုမွန်ကောင်းလေးကို နှစ်သစ်မှာ အချစ်သစ်နဲ့  ပျော်ရွှင်အေးချမ်းနိုင်ပါစေနော်..။
Source: Nay Chi Oo’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!