

 

 

 


 

 


 

 

Source : Pancake
ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ ပန်ကိတ်”

CeleConnections ပရိသတ်ကြီးရေ ပန်ကိတ်ဒါဒါ ကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ပရိသတ်တွေရဲ့အချစ်တော် ဆယ်လီတစ်ယောက် လို့ ဆိုရမှာပါ။ ပန်ကိတ်ကတော့ လက်ရှိမှာ နိုင်ငံခြားမှာနေထိုင်အခြေချကာ ပရိသတ်တွေကို ခွန်အားရှိတဲ့ စာလေးတွေနဲ့ အတူ Blog လေးတွေ လုပ်ပြီး သူမရဲ့ Page ကနေ ပရိသတ်တွေကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့အပြောလေးတွေကြောင့် သူမရဲ့ ပရိသတ်တွေကတော့ မိန်းကလေးတွေပဲ အများဆုံးလို့ ပြောရမှာပါ။သူမရဲ့အချစ်ရေးကတော့ အဆိုတော်ရွှေထူးနဲ့ (၆)နှစ်ကြာလက်တွဲပြီးနောက် လမ်းခွဲခဲ့ကြတဲ့ အချိန်မှာ ပန်ကိတ်ကို သနားကာ အချစ်ပိုခဲ့တဲ့သူတွေများခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာလည်း Single ဘဝနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

မကြာခင်က လည်း မြန်မာပြည်ကိုပြန်လာခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့အပြင် သူမရဲ့ ချစ်စရာ Fan လေးတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ မြန်မာ့နှစ်သစ်ကူးချိန် ဖြစ်တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ” နှစ်သစ်မှာ စိတ်နှလုံးချမ်းမြေ့ခြင်းနှင့်အတူကျန်းမာပျော်ရွှင်ကြပါစေ။Happy Myanmar (Burmese) new year ပန်ကိတ်ဒါဒါ ” ဆိုတဲ့ စာလေးနဲ့အတူ သူမပရိသတ်တွေကို နှစ်သစ်ဆုတောင်းတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပန်ကိတ်လေးကို ဆုမွန်ကောင်းပြန်လည်တောင်းပေးခဲ့ပါဦးနော်။

Source : Pancake
Candy -CeleConnections

error: Alert: Content is protected !!