“သူနဲ႕ေမြးေန႕တစ္ရက္တည္းတူသူေတြနဲ႕အတူ ျမန္မာျပည္သူျပည္သားအားလံုးအတြက္ပါ နွစ္သစ္ဆုမြန္ေကာင္းေတာင္းေပးလိုက္တဲ့ ခင္လိႈင္”

ျမန္မာနိုင္ငံရဲ႕နာမည္ေက်ာ္ဇာတ္ပုိ႕ သရုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ခင္လႈိင္နဲ႔ ပရိသတ္ေတြကို အထူးတလည္ မိတ္ဆက္ေပးဖို႕မလိုေလာက္ဘူးထင္ပါတယ္။ ခင္လႈိင္ကေတာ့ ဇာတ္ကားတိုင္းမွာ ပီျပင္ေအာင္သရုပ္ေဆာင္နိုင္တဲ့အျပင္ ဟာသဥာဏ္ရႊင္တဲ့ သူတစ္ဦးဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူရဲ႕အိမ္ေထာင္ေရးကေတာ့ အိမ္ေထာင္မႈကၽြမ္းက်င္တဲ့ဇနီးေခ်ာေလးနဲ႕ မိဘကိုသိတတ္တဲ့ သားနဲ႕ သမီးတစ္္ေယာက္စီတို႕နဲ႕ သာယာတဲ့ မိသားစုဘဝေလးကို  ပိုင္ဆိုင္ထားတာပဲျဖစ္ပါတယ္။

 

 

ခင္လႈိင္ကေတာ့ သူရဲ႕ အနုပညာေၾကးေတြထဲကမွ တတ္နိုင္သေလာက္ေလးနဲ႕ တကယ့္လိုအပ္ေနတဲ့သူေတြကို လွဴဒါန္းခဲ့တဲ့မွတ္တမ္းပုံရိပ္ေတြနဲ႕ မိသားစုေတြေပ်ာ္ရႊင္ေနတဲ့ ပုံရိပ္ေလးေတြကို လူမႈကြန္ယက္စာမ်က္နွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႕မွာေတာ့ ျမန္မာနွစ္သစ္ရဲ႕ ႏွစ္ဆန္းတစ္ရက္ေန႕မွာ ခင္လႈိင္က”ခ်စ္မိတ္ေဆြမ်ားအားလုံး မဂၤလာအေပါင္းႏွင့္ျပည့္စုံေသာ မဂၤလာ ႏွစ္သစ္မွႀကိဳဆိုပါတယ္ခင္ဗ်ာ…ဒီေန႔မဂၤလာႏွစ္သစ္ရက္ျမတ္မွာကြၽန္ေတာ္ႏွင့္အတူေမြးဖြါးခဲ့ၾကေသာေမြးေန႔ရွင္မ်ားႏွင့္ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ားႏွင္..ကမာၻသူကမာၻသားမ်ားအားလုံး..ကပ္ႀကီးသုံးပါမွေက်ာ္နင္းႏိူင္ၾကပါေစ…က်န္းမာေပ်ာ္႐ႊင္ႏိုင္ၾကပါေစ”လိို႕ သူရဲ႕ေမြးေန႕နဲ႕အတူ တစ္ရက္တည္းေမြးဖြားလာတဲ့သူေတြအတြက္ပါ ဆုမြန္ေတာင္းေကာင္းပါတယ္။

 

 

CeleConnections ပရိသတ္ေတြအတြက္ ခင္လႈိင္ရဲ႕ ဆုမြန္ေကာင္းေတာင္းေပးလိုက္ေၾကာင္းကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္။ ပရိသတ္္ႀကီးကလည္း ခင္လႈိင္ရဲ႕ေမြးေန႕အတြက္ ဆုမြန္ေကာင္းေတာင္းေရးေပးခဲ့ၾကပါေနာ္။
Soure… Khin Hlaing’s Facebook

Angella(CeleConnections)

ယူနီကုဒ္ျဖင့္ဖတ္ရန္

“သူနဲ့မွေးနေ့တစ်ရက်တည်းတူသူတွေနဲ့အတူ မြန်မာပြည်သူပြည်သားအားလုံးအတွက်ပါ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခင်လှိုင်”

မြန်မာနိုင်ငံရဲ့နာမည်ကျော်ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ခင်လှိုင်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခင်လှိုင်ကတော့ ဇာတ်ကားတိုင်းမှာ ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် ဟာသဉာဏ်ရွှင်တဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူရဲ့အိမ်ထောင်ရေးကတော့ အိမ်ထောင်မှုကျွမ်းကျင်တဲ့ဇနီးချောလေးနဲ့ မိဘကိုသိတတ်တဲ့ သားနဲ့ သမီးတစ်ယောက်စီတို့နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

ခင်လှိုင်ကတော့ သူရဲ့ အနုပညာကြေးတွေထဲကမှ တတ်နိုင်သလောက်လေးနဲ့ တကယ့်လိုအပ်နေတဲ့သူတွေကို လှူဒါန်းခဲ့တဲ့မှတ်တမ်းပုံရိပ်တွေနဲ့ မိသားစုတွေပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ မြန်မာနှစ်သစ်ရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ခင်လှိုင်က”ချစ်မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မင်္ဂလာ နှစ်သစ်မှကြိုဆိုပါတယ်ခင်ဗျာ…ဒီနေ့မင်္ဂလာနှစ်သစ်ရက်မြတ်မှာကျွန်တော်နှင့်အတူမွေးဖွါးခဲ့ကြသောမွေးနေ့ရှင်များနှင့်မြန်မာနိုင်ငံသူနိုင်ငံသားများနှင်..ကမ္ဘာသူကမ္ဘာသားများအားလုံး..ကပ်ကြီးသုံးပါမှကျော်နင်းနိူင်ကြပါစေ…ကျန်းမာပျော်ရွှင်နိုင်ကြပါစေ”လို့ သူရဲ့မွေးနေ့နဲ့အတူ တစ်ရက်တည်းမွေးဖွားလာတဲ့သူတွေအတွက်ပါ ဆုမွန်တောင်းကောင်းပါတယ်။

CeleConnections ပရိသတ်တွေအတွက် ခင်လှိုင်ရဲ့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ခင်လှိုင်ရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းတောင်း ရေးပေးခဲ့ကြပါနော်။

Soure… Khin Hlaing’s Facebook

Angella(CeleConnections)

error: Alert: Content is protected !!