” ရုပ္ရည္နဲ႔ပတ္သက္ၿပီးသူမခံယူခ်က္ကို ေျပာျပလာတဲ့ ေနျခည္ဦး “

CeleConnections ပရိသတ္ႀကီးေရ ေနျခည္ဦးကေတာ့ေနျခည္ဦးဟာ ဇြဲေကာင္းသူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ခ်စ္ခင္မႈေတြနဲ႔အတူ ေအာင္ျမင္မႈေတြ တစ္စထက္ တစ္စပိုတိုးလို႔ ရရွိေနၿပီဆိုတာအမွန္ပါပဲေနာ္။ Beauty Blogger တစ္ေယာက္အျဖစ္ လူသိမ်ားေက်ာ္ၾကားလာခဲ့ကာ ေယာက်ာ္းေလးပရိသတ္ေတြသာမကမိန္းကေလးပရိသတ္ေတြရဲ႕ ဝန္းရံမႈကိုပါ ရရွိေနသူတစ္ဦးပါ။

 

 

 

အၿမဲပြင့္လင္းလြန္းတဲ့သူမဟာ အခုခ်ိန္မွာေတာ့ အႏုပညာလႈပ္ရွားမႈအေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ေနၿပီျဖစ္တဲ့ မင္းသမီးသစ္ေလးတစ္လက္လည္း ျဖစ္ပါတယ္။သူမ ပထမဦးဆုံး ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ “ရန္သူ” ဇာတ္ကားမွာလည္း ဝါရင့္သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ဝတ္မႈန္ေ႐ႊရည္နဲ႔အၿပိဳင္ အေကာင္းဆုံး သ႐ုပ္ေဆာင္ႏိုင္ခဲ့တာမို႔ ပရိသတ္ေတြရဲ႕ လက္ခံအားေပးမႈကို တခဲနက္ရရွိခဲ့ၿပီး ေနာက္ထပ္ဇာတ္ကားေတြမ်ားစြားလည္း႐ိုက္ကူးကာ အခ်ိန္တိုအတြင္းမွာ မင္းသမီးအျဖစ္ ပရိသတ္ေတြ တခဲနက္အားေပးခံေနရသူပါ။

 

လက္ရွိမွာ ျဖစ္ပြားလ်က္ရွိတဲ့ Covid 19 ေၾကာင့္ ခ်ီခ်ီတစ္ေယာက္လည္း အိမ္မွာပဲ ေနကာ အခ်ိန္ေတြကို ျဖတ္သန္းေနေၾကာင္း သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန ေျပာျပခဲ့ကာ တိုက္တြန္းခဲ့တာပဲ ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ ” စိတ္ထားလွဖို႔က နံပါတ္ တစ္ ပဲ႐ုပ္လွဖို႔က မိတ္ကပ္လိမ္းလို႔ရတယ္ ” ဆိုတဲ့ သူမရဲ႕အျမင္ေလးကို ေျပာျပလာတာပဲ ျဖစ္ပါတယ္.။ CeleConnections ပရိသတ္ႀကီးလည္း ခ်ီခ်ီရဲ႕ ခံယူခ်က္ေလးကို သေဘာက်ရင္မွတ္ခ်တက္တစ္ခုခုေပးခဲ့ပါဦးေနာ္။

 

 

Source : Beautybynaychi
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” ရုပ်ရည်နဲ့ပတ်သက်ပြီးသူမခံယူချက်ကို ပြောပြလာတဲ့ နေခြည်ဦး ”

CeleConnections ပရိသတ်ကြီးရေ နေခြည်ဦးကတော့နေခြည်ဦးဟာ ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်ချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေ တစ်စထက် တစ်စပိုတိုးလို့ ရရှိနေပြီဆိုတာအမှန်ပါပဲနော်။ Beauty Blogger တစ်ယောက်အဖြစ် လူသိများကျော်ကြားလာခဲ့ကာ ယောကျာ်းလေးပရိသတ်တွေသာမကမိန်းကလေးပရိသတ်တွေရဲ့ ဝန်းရံမှုကိုပါ ရရှိနေသူတစ်ဦးပါ။

အမြဲပွင့်လင်းလွန်းတဲ့သူမဟာ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးသစ်လေးတစ်လက်လည်း ဖြစ်ပါတယ်။သူမ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “ရန်သူ” ဇာတ်ကားမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသမီးချော ဝတ်မှုန်ရွှေရည်နဲ့အပြိုင် အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာမို့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို တခဲနက်ရရှိခဲ့ပြီး နောက်ထပ်ဇာတ်ကားတွေများစွားလည်းရိုက်ကူးကာ အချိန်တိုအတွင်းမှာ မင်းသမီးအဖြစ် ပရိသတ်တွေ တခဲနက်အားပေးခံနေရသူပါ။

လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 ကြောင့် ချီချီတစ်ယောက်လည်း အိမ်မှာပဲ နေကာ အချိန်တွေကို ဖြတ်သန်းနေကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောပြခဲ့ကာ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ” စိတ်ထားလှဖို့က နံပါတ် တစ် ပဲရုပ်လှဖို့က မိတ်ကပ်လိမ်းလို့ရတယ် ” ဆိုတဲ့ သူမရဲ့အမြင်လေးကို ပြောပြလာတာပဲ ဖြစ်ပါတယ်.။ CeleConnections ပရိသတ်ကြီးလည်း ချီချီရဲ့ ခံယူချက်လေးကို သဘောကျရင်မှတ်ချတက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Beautybynaychi
Candy -CeleConnections

error: Alert: Content is protected !!