


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

“မကြာမီကျရောက်လာတော့မယ့် မွေးနေ့လေးအတွက် ပျော်ရွှင်ရင်ခုန်နေတဲ့ ဧငြိမ်းဖြူ”

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ရဲရင့်အောင်ရဲ့ ချစ်သူဧငြိမ်းဖြူနဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဧငြိမ်းဖြူလေးကတော့ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေရဲ့ နောက်ခံပြောရင်း ပရိသတ်တွေနဲ့အားပေးမှုကို ရရှိထားတဲ့သူတစ်ဦးဆိုလည်းမမှားလောက်ပါဘူးနော်။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ ချစ်သူစုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားကျရဆုံးအတွဲတစ်တွဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေဖြစ်ပွားနေတာကြောင့် အိမ်ထဲမှာနားနေရင်း သူမရဲ့ချောမောလှပလွန်းတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလေ့ရှိပါတယ်။ ဧငြိမ်းဖြူလေးကတော့”အခုလာမဲ့ 24 ရက်နေ့ဆို 24 နှစ်ပြည့်ပြီ ဒါနဲ့ အချောလေးတွေက April မှာပဲမွေးတာတဲ့”ဆိုတဲ့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီလထဲမှာဆိုရင် သူမရဲ့ 24နှစ်ပြည့်မွေးနေ့လေးကျရောက်တော့မယ့်အကြောင်းတင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် ဧငြိမ်းဖြူလေးရဲ့ မွေးနေ့ကျရောက်တော့မယ်အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဧငြိမ်းဖြူလေးကို အားပေးတယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါနော်။

Soure…A Nyein Phyu ‘s Facebook
Angella(CeleConnections)

error: Alert: Content is protected !!