

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

မပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားလို့ အားမငယ်သင့်ကြောင်း သူဖြတ်သန်းခဲ့ရတဲ့ဘဝနဲ့ ယှဉ်ပြီး ဥပမာပေးပြောပြခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံအတွင်းမှာသာမက အိမ်နီးချင်းနိုင်ငံတွေမှာပါ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက်ပါ။ ပိုင်တံခွန်က ထိုင်း၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံတွေက အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ပြည်တွင်းမှာလည်း ကြော်ငြာတွေ၊ ရုပ်ရှင်ရိုက်ကူးခြင်းတွေ လက်မလည်အောင် လုပ်ကိုင်နေရသူပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရရှိနေပြီဖြစ်တဲ့ ပိုင်တံခွန်က ဒီနေ့မှာတော့ သူ့ရဲ့ ငယ်ဘဝပုံရိပ်တွေကို အလွမ်းပြေကြည့်ရင်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြန်လည်စဉ်းစားမိဟန်တူပါတယ်။

“နှစ်ဆန်းတစ်ရက်နေ့မှာ အဖေအမေကိုကန်တော့ဖို့ အမေ့အိမ်သွားရင်း ငယ်တုန်းက ပုံလေးတွေ အမှတ်တရ ရှာခဲ့တာ။ အဲဒီအချိန်က‌တော့ ခမောက်ကြီးဆိုတဲ့ တောရွာလေးပေါ့။ ဒါကြောင့် ကျနော့်ကို တောသားလို့‌ခေါ် တိုင်း ငယ်ဘဝကိုလွမ်းလို့ အမြဲတမ်းပြုံးမိတယ်။ မပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်ထားလို့ စိတ်မရှုပ်နဲ့နော် အားလည်းမငယ်နဲ့။ အရာရာပြည့်စုံနေတဲ့ဘဝထက် မပြည့်စုံတဲ့ဘဝကို ပြည့်စုံအောင်ဖြည့်ဆည်းရတဲ့ဘဝက ရှင်သန်ရတာပိုပြီးတန်ဖိုးရှိပါတယ်။” ဆိုပြီး အမှတ်တရ ပြောထားပါတယ်။

ပိုင်တံခွန်ကတော့ ငယ်စဉ်က ဝေးလံခေါင်ဖြားတဲ့ တောရွာလေးမှာ နေထိုင်ခဲ့ရပြီး သူတစ်နေ့ အခုလို အောင်မြင်လာမယ်လို့ ဘယ်တွေးမိမလဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ပြောသလို မပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားလို့ အားမငယ်ပဲ ရည်မှန်းချက်တွေပြည့်စုံတဲ့အထိ ကြိုးစားခွင့်ရှိကြောင်း အသိပေးလိုက်ပါတယ်နော်။

Source: Paing Takhon’s fb
Bilie – Cele Connections

error: Alert: Content is protected !!