မိသားစုသံုးေယာက္အတူတူ ဘုရားဆင္းတုေတာ္မ်ား ေရသပၸါယ္ကုသိုလ္ယူေနၾကတဲ့ ခုိင္သင္းၾကည္တို့ မိသားစု

ခိုင္သင္းၾကည္ကေတာ့ ရုပ္ရွင္မင္းသမီး၊ ထုတ္ေဝသူစတဲ့ အနုပညာလုပ္ငန္းေတြကို တက္တက္ၾကြၾကြ လုပ္ေဆာင္ေနသလို သူမရဲ့ မိသားစုေလးကိုလည္း သာယာေပ်ာ္ရႊင္ဖြယ္ျဖစ္ေအာင္ ဖန္တီးေနတာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္က လက္ရိွ အလုပ္ေတြ ရပ္နားထားခုိက္ သူမရဲ့ မိသားစုေတြနဲ့အတူတူေနျပီး အခ်ိန္ေတြ ကုန္ဆံုးေနတာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္တို့ မိသားစုက ဒီကေန့ နွစ္ဆန္းတစ္ရက္ေန့မွာ ကုသိုလ္ယူရင္း ခ်စ္ရတဲ့ ပရိသတ္ေတြအားလံုးအတြက္ ဆုေတာင္းေမတၱာပို့သေပးခဲ့ပါတယ္။

 

 

“ယေန႔ျမန္မာႏွစ္ဆန္း၁ရက္ေန႔တြင္ ျမတ္စြာဘုရားအား ပဌာန္း႐ြတ္ဖတ္ပူေဇာ္ပါသည္။ ဘုရားဆင္းတုေတာ္မ်ားႏွင့္ဘုရားေက်ာင္းေဆာင္အား ေရာင္ေတာ္ဖြင့္၊ အေမႊးဆပ္ျပာျဖင့္ေရသပၸါယ္ၿပီးသန္႔ရွင္းေရးလုပ္ကာပူေဇာ္ပါသည္။ ထိုျပဳသမွ်ကုသိုလ္ေၾကာင့္ တပည့္ေတာ္မမိသားစုႏွင့္ ကမာၻသူကမာၻသားအေပါင္းျမန္မာျပည္သူျပည္သားအေပါင္း ယေန႔ႏွစ္ဆန္းတရက္ေန႔မွစၿပီး တႏွစ္ပတ္လုံးစိတ္ျဖဴဖုံး၊ ႐ႊင္ၿပဳံးၾကည္သာရွိပါေစ ကုသိုလ္က်န္းမာပညာစီပြါးဒီေရလားတိုးပြါးၾကပါေစ။ ဗိုင္းရပ္ေရာဂါဆိုးအႏၲရာယ္မွလည္းကင္းေဝးၾကပါေစရွင္။” ဆိုျပီး ဆုေတာင္းေပးထားပါတယ္။

 

 

ခိုင္သင္းၾကည္ကေတာ့ က်က္သေရရိွတဲ့ နွစ္ဆန္းတစ္ရက္ေန့ေလးကို မိသားစုေတြနဲ့ ကုသိုလ္ယူ ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ခိုင္သင္းၾကည္ ဆုေတာင္းေပးတဲ့ ဆုေတြလည္း အလံုးစံု ျပည့္ဝပါေစေနာ္။

 

 

Source: Khine Thin Kyi’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္္

မိသားစုသုံးယောက်အတူတူ ဘုရားဆင်းတုတော်များ ရေသပ္ပါယ်ကုသိုလ်ယူနေကြတဲ့ ခိုင်သင်းကြည်တို့ မိသားစု

ခိုင်သင်းကြည်ကတော့ ရုပ်ရှင်မင်းသမီး၊ ထုတ်ဝေသူစတဲ့ အနုပညာလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေသလို သူမရဲ့ မိသားစုလေးကိုလည်း သာယာပျော်ရွှင်ဖွယ်ဖြစ်အောင် ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က လက်ရှိ အလုပ်တွေ ရပ်နားထားခိုက် သူမရဲ့ မိသားစုတွေနဲ့အတူတူနေပြီး အချိန်တွေ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်တို့ မိသားစုက ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်ယူရင်း ချစ်ရတဲ့ ပရိသတ်တွေအားလုံးအတွက် ဆုတောင်းမေတ္တာပို့သပေးခဲ့ပါတယ်။

“ယနေ့မြန်မာနှစ်ဆန်း၁ရက်နေ့တွင် မြတ်စွာဘုရားအား ပဌာန်းရွတ်ဖတ်ပူဇော်ပါသည်။ ဘုရားဆင်းတုတော်များနှင့်ဘုရားကျောင်းဆောင်အား ရောင်တော်ဖွင့်၊ အမွှေးဆပ်ပြာဖြင့်ရေသပ္ပါယ်ပြီးသန့်ရှင်းရေးလုပ်ကာပူဇော်ပါသည်။ ထိုပြုသမျှကုသိုလ်ကြောင့် တပည့်တော်မမိသားစုနှင့် ကမ္ဘာသူကမ္ဘာသားအပေါင်းမြန်မာပြည်သူပြည်သားအပေါင်း ယနေ့နှစ်ဆန်းတရက်နေ့မှစပြီး တနှစ်ပတ်လုံးစိတ်ဖြူဖုံး၊ ရွှင်ပြုံးကြည်သာရှိပါစေ ကုသိုလ်ကျန်းမာပညာစီပွါးဒီရေလားတိုးပွါးကြပါစေ။ ဗိုင်းရပ်ရောဂါဆိုးအန္တရာယ်မှလည်းကင်းဝေးကြပါစေရှင်။” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

ခိုင်သင်းကြည်ကတော့ ကျက်သရေရှိတဲ့ နှစ်ဆန်းတစ်ရက်နေ့လေးကို မိသားစုတွေနဲ့ ကုသိုလ်ယူ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည် ဆုတောင်းပေးတဲ့ ဆုတွေလည်း အလုံးစုံ ပြည့်ဝပါစေနော်။

Source: Khine Thin Kyi’s fb
Bilie – Cele Connections

error: Alert: Content is protected !!