

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

မိတ်ကပ်မပါတဲ့ အိမ်နေရင်းပုံစံလေးနဲ့တောင် ကြည်လင်တောက်ပပြီး ကိုရီးယားမလေးလိုလှနေတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော် မင်းသမီး ဝတ်မှုံရွှေရည်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါကြောင့် သူမရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က (၂၀၂၀)အတွင်းမှာ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ စီစဉ်ထားပေမယ့် ကျန်းမာရေးအခြေအနေတွေကြောင့် အိမ်မှာပဲ အနားယူနေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အိမ်မှာနေနေပေမယ့်လည်း သူမရဲ့ မျက်နှာလေးက ကိုရီးယားမလေးတစ်ယောက်လို နုဖတ်နေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က “အိမ်မှာနေနေကြရဲ့လား ? ကစ်တော့ သင်္ကြန်တတွင်းလုံး ဘုရားရှိခိုး စာဖတ် ရုပ်ရှင်ကြည့် မုန့်စား ဖုန်းသုံး သီချင်းနားထောင်နဲ့ပဲ ဖြတ်သန်းဖြစ်တယ်။ အားလုံးလည်းဘေးကင်းအောင် အိမ်မှာနေကြမယ်လို့ယုံကြည်ပါတယ်နော်။ P.s နည်းနည်းတော့ပျင်းရိ ခွေခေါက် နေလားမသိ ပုံတွေက။ အလွမ်းပြေ လေးတင်လိုက်သည် ဟိဟိ ❤️” ဆိုပြီး သူမရဲ့ ပုံလေးတွေကို မျှဝေပေးထားပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အိမ်မှာနေနေတဲ့ ပုံစံလေးကတောင် အရမ်းလှတာပဲနော်။ ပရိသတ်ကြီးလည်း ရှေးဘဝကုသိုလ်ကောင်းတဲ့ ဝတ်မှုံရွှေရည်ရဲ့ သဘာဝအလှလေးကိုကြည့်ပြီး အားကျစိတ်တွေ တဖွားဖွားဖြစ်လာမယ် ထင်ပါတယ်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!