

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

မနက်စောစောစီးစီး ဘုရားဝတ်ပြုပြီး ကမ္ဘာသူ၊ ကမ္ဘာသား အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခဲ့တဲ့ ဝတ်မှုံရွှေရည်

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က လူငယ်တစ်ယောက်ဖြစ်ပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးစွာ နေထိုင်တတ်ပေမယ့် ဘာသာရေးကိုလည်း တော်တော်လေး လိုက်စားသူတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က တရားစခန်း နှစ်စဉ်ဝင်သလို အလှူအတန်းတွေလည်း ရက်ရက်ရောရော ပြုလုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဘုရားဝတ်ပြုပြီး အခုလိုပဲ ဆုတောင်းပေးထားပါတယ်။

“မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှစ၍မြန်မာနိုင်ငံသူ နိုင်ငံသား ကမ္ဘာသူ ကမ္ဘာသား အားလုံး ကြုံတွေ့နေရတဲ့ ကပ်‌ဘေးရန်မှ အမြန်ဆုံးကျော်လွှားနိုင်ပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကာဘေးကင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် ။” ဆိုပြီးတော့ မင်္ဂလာရှိရှိ ဆုတောင်းမေတ္တာပို့သထားပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ရုပ်ရှင်တွေ မရိုက်ရတဲ့ကာလမှာ အိမ်မှာပဲ ဘုရားရှိခိုး ကုသိုလ်ယူရင်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ မင်္ဂလာရှိတဲ့ ဆုတောင်းလေးလည်း အမြန်ဆုံး ပြည့်ဝပါစေနော်။

Source: Wutt Hmone Shwe Yi’s fb
Bilie – Cele Connections

error: Alert: Content is protected !!