

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“မင်္ဂလာနှစ်သစ်လေးမှာ အကောင်းဆုံးကြိုးစားလုပ်ဆောင်ပြီး အတူတူရှင်သန်ကြမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် နာမည်ကြီး အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ကိုယ်တိုင်ရေးသံ့စဉ် စာသားတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားပြီး စီးပွားရေး လုပ်ငန်းတွေမှာလည်း အောင်မြင်တဲ့သူတစ်ဦးပါ..။ ကိုယ်တိုင်လည်း သရုပ်ဆောင်သလို ရုပ်ရှင်ထုတ်လုပ်တာကိုလည်း လုပ်ဆောင်ပါသေးတယ်..။

မကြာသေးမီက ကျရောက်ခဲ့တဲ့ မွေးနေ့ ပွဲအမှတ်တရ ကျင်းပခဲ့တဲ့ ပွဲလေးမှာ ရရှိခဲ့တဲ့ ရံပုံငွေတွေကိုလည်း လိုအပ်တဲ့ နေရာတွေမှာ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်..။ စိုင်းစိုင်းကတော့ လိုအပ်တဲ့ နေရာတွေကိုလည်း ကိုယ်တိုင်လှူဒါန်းမှုတွေကို ပြုလုပ်နေပြီး ကာကွယ်ရမယ့် နည်းလမ်းလေးတွေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေကာ တင်ပေးလေ့ရှိသူပါ..။စိုင်းစိုင်းက ဒီနေ့ ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်း (၁)ရက်နေ့မှာတော့ “မင်္ဂလာနှစ်သစ်ပါ.။ အားလုံးအတူတူ ရှင်သန်ကြမယ်။ Sai Sai Kham Leng” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ကမ္ဘာတစ်ဝှမ်းလုံး မှာ ပျံ့နှံ့ကူးစက်နေတဲ့ Covid 19ဗိုင်းရပ်စ်ပိုး ကနေ ကာကွယ်ပြီး အမြန်ဆုံးပျောက်ကွယ်ကာ အတူတကွ ရှင်သန်ကြမယ်ဆိုပြီး သူ့ရဲ့ ဆန္ဒလေးကို ထုတ်ဖော် တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း စိုင်းစိုင်းရဲ့ ဆန္ဒလေးနဲ့ ထပ်တူကျတဲ့ သူများရှိရင်   မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Soure: Sai Sai Kham Leng’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!