

 


 

 


 

 

Source: Yone Lay’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ဘာသာရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေအထင်အမြင်လွဲအောင် ပြုလုပ်နေသူတွေကို ဒေါသဖြစ်နေတဲ့ ယုန်လေး

အဆိုတော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ယုန်လေးကတော့ စိတ်ထားကောင်းသလို မဟုတ်မခံစိတ် အပြည့်ရှိသူတစ်ယောက်ပါ။ သနားကြင်နာတတ်ပြီး သူတစ်ပါးကို ကူညီပေးတတ်တဲ့ ယုန်လေးက သူ့ကို စိတ်ဆိုးအောင်လုပ်ရင်တော့ အားမနာစတမ်း ဒဲ့ပြောတတ်တာ ပရိသတ်ကြီးလည်း သိပြီးသား ဖြစ်မှာပါ။ ဒီနေ့မှာလည်း ယုန်လေးက ဘာသာရေးနဲ့ ပက်သတ်ပြီး ပရိသတ်တွေအထင်အမြင်လွဲအောင် ပြုလုပ်နေသူတွေကို ဒေါသဖြစ်နေပြီး အခုလိုပဲ ပြောလာပါတယ်။

“တလွဲ သတင်း Media တွေနော်။ ခေါင်းစဉ်က စောက်ရူးကွက်ကြီးနဲ့ ။ မေတ္တာထားဖို့ပြောတာ Video File ကြည့်ဖူးတဲ့လူတိုင်းသိတယ်။ မင်းတို့ အဲ့လို လုပ်ပြီး အမြဲ အကုသိုလ်တွေ ယူနေတာပဲ” ဆိုပြီး ယုန်လေးက ဒေါသဖြစ်စွာနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပေါက်ကွဲနေတာပဲ ဖြစ်ပါတယ်။

ယုန်လေးကတော့ သူ့ကို ပရိသတ်တွေ အထင်အမြင်လွဲရအောင် တိုက်ခိုက်သူတွေကြောင့် နှစ်ဆန်းတစ်ရက်နေ့လို နေ့မျိုးမှာ ဒေါသဖြစ်နေရတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Yone Lay’s fb
Bilie – Cele Connections

error: Alert: Content is protected !!