

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ဖခင်ဖြစ်သူ ခင်လှိုင်အတွက် ချစ်ခြင်းများစွာနဲ့ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ နေရဲ”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင် မင်းသားနေရဲကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။နေရဲကတော့ အက်ရှင် ၊ ဇာတ်ကြမ်း အများစုနဲ့ ပရိသတ်တွေရဲ့ အသည်းကို သိမ်းပိုက်ခဲ့ပြီး ဖခင်ခြေရာကို အမှီလိုက်နိုင်တဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်.။ဖခင်ဖြစ်သူ ခင်လှိုင်လို ဟာသသရုပ်ဆောင်ရာမှာလည်း တော်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသူပါ..။

ကြည့်ကောင်းပြီး ချောမောလွန်းလို့ ဖခင်ဖြစ်သူ ခင်လှိုင်က သူ့သားနေရဲက သူနဲ့တူလို့ ချောနေတာဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်..။ ဖခင် ဂုဏ်ယူရအောင် အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားလုပ်ဆောင်တဲ့ နေရဲက ဒီနေ့ ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာ မွေးနေ့ကျရောက်တဲ့ ဖခင်ဖြစ်သူ ခင်လှိုင်အတွက် “Happy Birthday အဖေ သားတို့မိသားစုနဲ့ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ စွာအမြဲပျော်ပါစေ.။ ချစ်တယ် အဖေ ..”ဆိုပြီး ဖခင်ဖြစ်သူ ခင်လှိုင်နဲ့အတူ ရိုက်ထားတဲ့ ပုံရိပ်လေးနဲ့ မွေးနေ့ဆုတောင်းစကားလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်..။

နေရဲကတော့ ချစ်ရတဲ့ဖခင်ဖြစ်သူ ခင်လှိုင်အတွက် ချစ်ခြင်းများစွာနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တာပါပဲနော် ပရိသတ်ကြီး..။ Cele Connecitons ပရိသတ်ကြီးလည်း ဒီနေ့ ဧပြီလ (၁၇)ရက်နေ့မှာ ကျရောက်တဲ့ ခင်လှိုင်အတွက် မွေးနေ့ဆုတောင်းလေ  းတွေကိုလည်း တောင်းပေးခဲ့ကြပါဦးနော်.။
Source: Nay Ye’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!