“ပရိသတ္ေတြအတြက္ နွစ္သစ္ဆုမြန္ေကာင္းေတာင္းရင္ အၾကံဥာဏ္ေလးတစ္ခု ေတာင္းလာတဲ့ ပိုင္ၿဖိဳးသု”

ကာရိုက္တာတိုင္းကို စိတ္နွစ္ကာ သရုပ္ေဆာင္တတ္တဲ့ မင္းသမီး ေခ်ာ ပိုင္ၿဖိဳးသုကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ သုသုေလးကေတာ့ “မီ” ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကို အျပည့္အဝရရွိခဲ့ၿပီး သူမရဲ႕ ေနာက္ထပ ္ရုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ “Now & Ever” ရုပ္ရွင္ဇာတ္ကာႀကီးဟာလည္း ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႕ ထပ္တူက်ကာ ရံုျပည့္ရံုလွ်ံအားေပးမႈေတြကို ရရွိခဲ့တာပါ..။ သုသုေလးကေတာ့ ဒါရိုက္တာဏႀကီးနဲ႕ အိမ္ေထာင္ျပဳၿပီး သူမခ်စ္တဲ့ အနုပညာအလုပ္ေတြကိုပဲ အားထည့္ကာ ႀကိဳးစားလုပ္ေဆာင္ေနတဲ့  သူပဲျဖစ္ပါတယ္။

 

 

ခ်စ္ရတဲ့ ပရိသတ္ေတြအတြက္လည္း သူမရဲ႕ အနုပညာလႈပ္ရွားမႈအေၾကာင္းေလးေတြကို လူမႈကြန္ရက္စာမ်က္နွာေပၚမွာ မွ်ေဝေလ့ရွိသူပါ..။ ဒီေန႕ဧၿပီလ (၁၇)ရက္ေန႕ နွစ္ဆန္း(၁)ရက္ေန႕မွာေတာ့ ပိုင္ၿဖိဳးသုေလးက “မဂၤလာပါရွင္….။ အားလုံးပဲႏွစ္သစ္မွာ က်န္းမာေပ်ာ္႐ႊင္ၾကပါေစရွင့္….။ သုသုကေတာ့ အခုအိမ္မွာေနရတဲ့ ကာလအတြင္း အရင္တုန္းက ဖတ္ခ်င္လို႔ ဝယ္ထားၿပီးကာမွ အလုပ္တစ္ဖက္နဲ႔မို႔ အခ်ိန္မရတာေၾကာင့္ မဖတ္ျဖစ္ဘဲ အေႂကြးတင္ေနတဲ့ စာအုပ္ေလးေတြ ႀကိဳးစားဖတ္ေနပါတယ္ ။ အခုေလာေလာဆယ္ေတာ့ ၃ အုပ္ဖတ္လို႔ၿပီးသြားပါၿပီ.။ (၁). ဆရာႀကီးပီမိုးနင္းရဲ႕ ‘ေနညိဳညိဳ’ (၂).ဆရာမေသာ္တာေအးလဲ့ရဲ႕ ‘က်န္ရစ္ျမစ္’ (၃).ဆရာမင္းလူရဲ႕ ‘အခ်စ္သည္သက္ေတာ္ရာေက်ာ္ရွည္ပါေစသတည္း’။

 

 

အခုေတာ့ ဆရာသိန္းေဖျမင့္ရဲ႕ ‘အေရွ႕ကေနဝန္းထြက္သည့္ပမာ’ ကိုႀကိဳးစားၿပီး စဖတ္ပါေတာ့မယ္ရွင့္ ။ ဒီရက္ပိုင္းအတြင္း ဖတ္ျဖစ္ၿပီး သုသုကိုလည္း ဖတ္ေစခ်င္တဲ့ စာအုပ္ေလးေတြရွိရင္လည္း အႀကံဉာဏ္ေပးသြားၾကပါဦးေနာ္။” ဆုိၿပီး သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ အားၿပီး နားရတဲ့ အခ်ိန္ေလးမွာ သူမႀကိဳက္တဲ့ စာအုပ္ေလးေတြကို ဖတ္ကာ အခ်ိန္ကုန္ဆံုးေနၿပီး ပရိသတ္ေတြအတြက္ နွစ္သစ္မွာ က်န္းမာေပ်ာ္ရႊင္ၾကေစဖို႕ နွစ္သစ္ဆုမြန္ေကာင္းေလး ေတာင္းလာခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connections ပရိသတ္ႀကီးလည္း ပိုင္ၿဖိဳးသုေလးအတြက္ နွစ္သစ္ဆုမြန္ေကာင္းေလး ေတာင္းေပးရင္း ဖတ္ေစခ်င္တဲ့ စာအုပ္ေလးေတြ ရွိရင္လည္း မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္.။
Source: Paing Phyoe Thu’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

“ပရိသတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင် အကြံဉာဏ်လေးတစ်ခု တောင်းလာတဲ့ ပိုင်ဖြိုးသု”

ကာရိုက်တာတိုင်းကို စိတ်နှစ်ကာ သရုပ်ဆောင်တတ်တဲ့ မင်းသမီး ချော ပိုင်ဖြိုးသုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ သုသုလေးကတော့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိခဲ့ပြီး သူမရဲ့ နောက်ထပ ်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “Now & Ever” ရုပ်ရှင်ဇာတ်ကာကြီးဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ ရုံပြည့်ရုံလျှံအားပေးမှုတွေကို ရရှိခဲ့တာပါ..။ သုသုလေးကတော့ ဒါရိုက်တာဏကြီးနဲ့ အိမ်ထောင်ပြုပြီး သူမချစ်တဲ့ အနုပညာအလုပ်တွေကိုပဲ အားထည့်ကာ ကြိုးစားလုပ်ဆောင်နေတဲ့သူပဲဖြစ်ပါတယ်။

ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း သူမရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းလေးတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေလေ့ရှိသူပါ..။ ဒီနေ့ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်း(၁)ရက်နေ့မှာတော့ ပိုင်ဖြိုးသုလေးက “မင်္ဂလာပါရှင်….။ အားလုံးပဲနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြပါစေရှင့်….။ သုသုကတော့ အခုအိမ်မှာနေရတဲ့ ကာလအတွင်း အရင်တုန်းက ဖတ်ချင်လို့ ဝယ်ထားပြီးကာမှ အလုပ်တစ်ဖက်နဲ့မို့ အချိန်မရတာကြောင့် မဖတ်ဖြစ်ဘဲ အကြွေးတင်နေတဲ့ စာအုပ်လေးတွေ ကြိုးစားဖတ်နေပါတယ် ။ အခုလောလောဆယ်တော့ ၃ အုပ်ဖတ်လို့ပြီးသွားပါပြီ.။ (၁). ဆရာကြီးပီမိုးနင်းရဲ့ ‘နေညိုညို’ (၂).ဆရာမသော်တာအေးလဲ့ရဲ့ ‘ကျန်ရစ်မြစ်’ (၃).ဆရာမင်းလူရဲ့ ‘အချစ်သည်သက်တော်ရာကျော်ရှည်ပါစေသတည်း’။

အခုတော့ ဆရာသိန်းဖေမြင့်ရဲ့ ‘အရှေ့ကနေဝန်းထွက်သည့်ပမာ’ ကိုကြိုးစားပြီး စဖတ်ပါတော့မယ်ရှင့် ။ ဒီရက်ပိုင်းအတွင်း ဖတ်ဖြစ်ပြီး သုသုကိုလည်း ဖတ်စေချင်တဲ့ စာအုပ်လေးတွေရှိရင်လည်း အကြံဉာဏ်ပေးသွားကြပါဦးနော်။” ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အားပြီး နားရတဲ့ အချိန်လေးမှာ သူမကြိုက်တဲ့ စာအုပ်လေးတွေကို ဖတ်ကာ အချိန်ကုန်ဆုံးနေပြီး ပရိသတ်တွေအတွက် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ကြစေဖို့ နှစ်သစ်ဆုမွန်ကောင်းလေး တောင်းလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ပိုင်ဖြိုးသုလေးအတွက် နှစ်သစ်ဆုမွန်ကောင်းလေး တောင်းပေးရင်း ဖတ်စေချင်တဲ့ စာအုပ်လေးတွေ ရှိရင်လည်း   မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်.။
Source: Paing Phyoe Thu’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!