“နွစ္ဆန္း(၁)ရက္ေန႕ေလးမွာ အိမ္မွာရွိတဲ့ ဘုရားမ်ားကို ေရသပၸာယ္ကာ ကုသိုလ္ယူခဲ့တဲ့ တိုင္ရြန္”

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ မင္းသားေခ်ာ တိုင္ရြန္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ တိုင္ရြန္ကေတာ့ အက္ရွင္နဲ႕ အမိုက္စားကာရိုက္တာ မ်ားနဲ႕ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိထားသူပဲျဖစ္ပါတယ္..။ ရုပ္ရွင္ဇာတ္ကားႀကီးမ်ားကိုလည္း ပါဝင္ရုိက္ကူးေနၿပီး ရုပ္သံဇာတ္လမ္းတြဲ  မ်ားကိုလည္း ရုိက္ကူးေနသူပါ..။

 

 

 

တိုင္ရြန္က သူ႕ရဲ႕ အနုပညာလႈပ္ရွားမႈ ပံုရိပ္ေတြနဲ႕ စနစ္တက် ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္တဲ့ ပံုရိပ္ေတြကို သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္ေလ့ရွိသူပါ..။ ဒီေန႕ ဧၿပီလ (၁၇)ရက္ေန႕ ႏွစ္ဆန္းတစ္ရက္ေန႕မွာေတာ့ တိုင္ရြန္က အိမ္မွာရွိတဲ့ ဘုရားမ်ားကို ေရာင္ေတာ္ဖြင့္ ေရသပၸာယ္ေနတဲ့ ပုံရိပ္မ်ားနဲ႕ အတူ “ျမန္မာႏွစ္သစ္ (၁၃၈၂) ခုႏွစ္ ယခုခ်ိန္မွစၿပီး အားလုံး စိတ္ႏွလုံး႐ႊင္လန္း ေအးခ်မ္းၾကပါေစ .။ က်ေရာက္ေနတဲ့ ကပ္ေရာဂါဆိုးႀကီးကို အျမန္ဆုံး ေဘးမသီ ရန္မခ ျဖတ္ေက်ာ္ႏိုင္ၾကပါေစ .။ (၇) ရက္သားသမီးအေပါင္းလည္း က်န္းမာခ်မ္းသာၾကပါေစလို႔ ဆုေတာင္း ေမတၱာ ပို႔သအပ္ပါတယ္.။

 

 

 

Happy_Myanmar_New_Year” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ တိုင္ရြန္ကေတာ့ တန္ခိုးႀကီးဘုရားေတြသြားကာ ကုသုိလ္ယူဖုိ႕ မျဖစ္နိုင္တဲ့ အေျခအေနမွာ အိမ္မွာရွိတဲ့ ဘုရားမ်ားကို ေရာင္ေတာ္ဖြင့္ ေရသပၸာယ္ကာ ကုသိုလ္ယူခဲ့တာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး..။ Cele Connecitons ပရိသတ္ႀကီးလည္း တိုင္ရြန္ေလးကို အားေပးရင္မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္.။
Source: Tyron Bejay’s Facebook

Sakura(Cele Connections)

ယူနီကုုဒ္ျဖင့္ ဖတ္ရန္

“နှစ်ဆန်း(၁)ရက်နေ့လေးမှာ အိမ်မှာရှိတဲ့ ဘုရားများကို ရေသပ္ပာယ်ကာ ကုသိုလ်ယူခဲ့တဲ့ တိုင်ရွန်”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မင်းသားချော တိုင်ရွန်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ တိုင်ရွန်ကတော့ အက်ရှင်နဲ့ အမိုက်စားကာရိုက်တာ များနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲဖြစ်ပါတယ်..။ ရုပ်ရှင်ဇာတ်ကားကြီးများကိုလည်း ပါဝင်ရိုက်ကူးနေပြီး ရုပ်သံဇာတ်လမ်းတွဲများကိုလည်း ရိုက်ကူးနေသူပါ..။

 

 

တိုင်ရွန်က သူ့ရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်တွေနဲ့ စနစ်တကျ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တဲ့ ပုံရိပ်တွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၁၇)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ တိုင်ရွန်က အိမ်မှာရှိတဲ့ ဘုရားများကို ရောင်တော်ဖွင့် ရေသပ္ပာယ်နေတဲ့ ပုံရိပ်များနဲ့ အတူ “မြန်မာနှစ်သစ် (၁၃၈၂) ခုနှစ် ယခုချိန်မှစပြီး အားလုံး စိတ်နှလုံးရွှင်လန်း အေးချမ်းကြပါစေ .။ ကျရောက်နေတဲ့ ကပ်ရောဂါဆိုးကြီးကို အမြန်ဆုံး ဘေးမသီ ရန်မခ ဖြတ်ကျော်နိုင်ကြပါစေ .။ (၇) ရက်သားသမီးအပေါင်းလည်း ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်.။

Happy_Myanmar_New_Year” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ တိုင်ရွန်ကတော့ တန်ခိုးကြီးဘုရားတွေသွားကာ ကုသိုလ်ယူဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ အိမ်မှာရှိတဲ့ ဘုရားများကို ရောင်တော်ဖွင့် ရေသပ္ပာယ်ကာ ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connecitons ပရိသတ်ကြီးလည်း တိုင်ရွန်လေးကို အားပေးရင်  မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်.။
Source: Tyron Bejay’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!