

 

 


 

 


 

Source: Si Thu Maung’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တီဗီက ပရိတ်တရားတော်များကိုနာကြားရင်း ထူးဆန်းဖြစ်စဉ်တစ်ခုနဲ့ ကြုံခဲ့ရကြောင့် ပြောပြလာတဲ့ စည်သူမောင်

မင်းသားချော စည်သူမောင်ကတော့ တစ်ချိန်က မိန်းကလေးတွေရဲ့ အသည်းနှလုံးကို သွားတက်လှလှလေးတစ်ခုနဲ့ သိမ်းပိုက်နိုင်ခဲ့သူပါ။ စည်သူမောင်က အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီး အနုပညာလုပ်ငန်းတွေလည်း ဆက်လက်လုပ်ကိုင်နေသလို ဘာသာရေးကိုလည်း အထူးအာရုံစိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ စည်သူမောင်က တီဗီမှာလာတဲ့ ပရိတ်တရားတော်များကို နာကြားရင်းနဲ့ ထူးထူးဆန်းဆန်းအဖြစ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့ဒါကတော့ တရားနာရင်း တီဗီရှေ့မှာထားတဲ့ ပရိတ်ရေဘူးဟာ ရေတွေဆူလာတာဖြစ်ပါတယ်။ စည်သူမောင်က “ဘုရား တရား သံဃာ ဂုဏ်တော်များကို ရိုသေစွာ ရှိခိုးပါတယ်။ အရှေ့ဆုံးပရိတ်ရေဗူးက ရေဆူလာလို့ မှတ်တမ်းတင်… ၇ ရက်သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကပ် ၃ ပါးမှကင်းဝေးကြပါစေ။” ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်။

စည်သူမောင်ကတော့ ဘာသာတရားကို သက်ဝင်ယုံကြည်သူပီပီ အခုလို အတိတ်နမိတ်ကောင်းတွေကိုလည်း ယုံကြည်သူတစ်ယောက် ဖြစ်ပါတယ်။ Cele Connections ပရိသတ်ကြီးလည်း စည်သူမောင် ကြုံခဲ့တဲ့ ထူးထူးခြားခြား အဖြစ်ကိုကြည့်ပြီး ထူးဆန်းအံ့သြနေကြမယ် ထင်ပါတယ်။

Source: Si Thu Maung’s fb
Bilie – Cele Connections

error: Alert: Content is protected !!