တစ္ေနကုန္ေဆာ့ျပီး ဖြထားသမွ်ကုိ ေမေမနဲ့အတူတူ သိမ္းဆည္းေနတဲ့ စည္ကမ္းရိွလြန္းတဲ့ ေခတ္နဲ့သစ္ရဲ့ ဗီဒီယိုေလး

အဆိုေတာ္ လင္းလင္းနဲ့ ခ်စ္သုေဝရဲ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးနွစ္ေယာက္ျဖစ္တဲ့ ေခတ္နဲ့သစ္က ေမြးကင္းစကတည္းက ပရိသတ္ေတြရဲ့ အခ်စ္ေတြကို ရရိွပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ေခတ္နဲ့သစ္က ေမေမခ်စ္သုေဝနဲ့ ေဖေဖ လင္းလင္းရဲ့ ေကာင္းမြန္တည့့္မတ္တဲ့ သင္ၾကားမႈေတြေၾကာင့္ လိမၼာျပီး တစ္ေန့တစ္ျခား ခ်စ္စရာေကာင္းလာတာကို ေတြ့ရပါတယ္။ ပရိသတ္ေတြကလည္း သြက္လက္လြန္းတဲ့ ေခတ္နဲ့သစ္ရဲ့ လႈပ္ရွားမႈတိုင္းကို စိတ္ဝင္စားစြာ အားေပးၾကပါတယ္။

 

 

အျပင္မထြက္ရပဲ အိမ္ထဲမွာပဲ ကစားနည္းမ်ိဳးစံုကို ကစားေနရတဲ့ ေခတ္နဲ့သစ္က တစ္အိမ္လံုးကို ဖြထားတာကို ေတြ့ရပါတယ္။ ဒါေပမယ့္ ေမေမခ်စ္သုေဝရဲ့ စကားတစ္ခြန္းေၾကာင့္ ေခတ္နဲ့သစ္က သူတို့ ေဆာ့ထားသမွ်ေလးေတြကို ခ်က္ခ်င္းသိမ္းဆည္းၾကတာကို ခ်စ္စဖြယ္ေတြ့ရပါတယ္။

 

 

ေခတ္နဲ့သစ္ကေတာ့ အသက္ (၃) နွစ္ေက်ာ္အရြယ္ပဲရိွေသးေပမယ့္ ေမေမ့စကားကို နားေထာင္ျပီး အရမ္းလိမၼာတာပဲေနာ္။ ပရိသတ္ၾကီးလည္း လိမၼာျပီး စည္းကမ္းရိွလြန္းတဲ့ ေခတ္ေလးနဲ့ သစ္ေလးကိုၾကည့္ျပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္ေနာ္။

 

 

Source: Htwe Lynn Ko’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်နေကုန်ဆော့ပြီး ဖွထားသမျှကို မေမေနဲ့အတူတူ သိမ်းဆည်းနေတဲ့ စည်ကမ်းရှိလွန်းတဲ့ ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေး

အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်က မွေးကင်းစကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်က မေမေချစ်သုဝေနဲ့ ဖေဖေ လင်းလင်းရဲ့ ကောင်းမွန်တည့်မတ်တဲ့ သင်ကြားမှုတွေကြောင့် လိမ္မာပြီး တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။ ပရိသတ်တွေကလည်း သွက်လက်လွန်းတဲ့ ခေတ်နဲ့သစ်ရဲ့ လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားစွာ အားပေးကြပါတယ်။

အပြင်မထွက်ရပဲ အိမ်ထဲမှာပဲ ကစားနည်းမျိုးစုံကို ကစားနေရတဲ့ ခေတ်နဲ့သစ်က တစ်အိမ်လုံးကို ဖွထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် မေမေချစ်သုဝေရဲ့ စကားတစ်ခွန်းကြောင့် ခေတ်နဲ့သစ်က သူတို့ ဆော့ထားသမျှလေးတွေကို ချက်ချင်းသိမ်းဆည်းကြတာကို ချစ်စဖွယ်တွေ့ရပါတယ်။

ခေတ်နဲ့သစ်ကတော့ အသက် (၃) နှစ်ကျော်အရွယ်ပဲရှိသေးပေမယ့် မေမေ့စကားကို နားထောင်ပြီး အရမ်းလိမ္မာတာပဲနော်။ ပရိသတ်ကြီးလည်း လိမ္မာပြီး စည်းကမ်းရှိလွန်းတဲ့ ခေတ်လေးနဲ့ သစ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။

Source: Htwe Lynn Ko’s fb
Bilie – Cele Connections

error: Alert: Content is protected !!