

 

 

 


 

 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“ချစ်သူကို သတိရနေဆဲ ဖြစ်ပြီး ချစ်သူအတွက် အချစ်တွေကြီးနေတဲ့ သူမရဲ့ ရင်တွင်းခံစားချက်တွေကို ရင်ဖွင့်လာတဲ့ နီလန်း”

မြန်မာရဲ့ လူကြိုက်များဆုံး တီဗီအစီအစဉ် ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Myanmar Idol Season (3) ရဲ့ ပြိုင်ပွဲဟောင်းတစ်ဦးဖြစ်သူ နီလန်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ နီလန်းဟာ သီချင်းလည်း အဆိုကောင်းသလို Make –Up Artist တစ်ယောက်အနေနဲ့လည်း ရပ်တည်နေတဲ့ သူပါ..။ သူမကို အားပေးတဲ့ အမာခံပရိသတ်တွေနဲ့ အတူ သူမရဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်..။

နီလန်းကတော့ လက်ရှိအချစ်ရေးမှာ Single ဘဝနဲ့ ဖြတ်သန်းနေခဲ့ပြီး သူမပြိုင်ပွဲဝင်စဉ်က ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ ချစ်ရသူကို သတိရ လွမ်းဆွတ်နေဆဲပါ..။ ချစ်ရသူနဲ့ ရိုက်ထားတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ယခုတိုင် သူမသိမ်းထားကာ အချစ်တွေ ရှင်သန်နေဆဲဖြစ်ပြီး ဒီနေ့ ဧပြီလ (၁၇)ရက်နေ့မှာတော့ နီလန်းက “လိုလို့လား? ငါ ဘာလို့ ကျန်တာမကြီးပဲ အချစ်က လာကြီးနေရတာလဲ? စဉ်းစားလို့ကိုမရဘူး ….။ အဲလောက်ထိ လိုလို့လား? ရင်ဘတ်ကို ဓားနဲ့ခွဲပြီးပြရင်တောင် ဟိုက နားလည်နိုင်မှာမဟုတ်တော့တဲ့ဟာကို …. ဘာလို့ ဒီအချစ်ကကြီးနေသေးတာတုန်း …. ???

အကျိုးလည်းမရှိတော့ပဲနဲ့ကွာ (အဲ့အချစ်ကို ရေနှစ်သတ်ချင်နေပြီ တကယ်) ဟွန်း….မကြီးလည်းရတဲ့ဟာကို…. အားအားယားယား …ရင်တွင်းဖြစ်… Nilen (နီလန်း)”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ချစ်သူကို ချစ်နေဆဲ သူမရဲ့ ခံစားချက်လေးတွေကို ရင်ဖွင့်တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ချစ်သူကို ယနေ့ တိုင်သတိရပြီး အချစ်တွေ ချစ်နေတဲံ နီလန်းအတွက် အားပေးစကားလေးတွေ လည်း  ပြောပေးသွားပါဦးနော်..။
Source: Nilen Parmawi’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!