“ခ်စ္ရတဲ႕ပရိသတ္ေတြကို ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းလိုက္္ရင္း ကိုဗစ္ျပီးရင္ျပန္ဆုံၾကမယ္လို႕ ဆုိလိုက္တဲ့ နီနီခင္ေဇာ္”

သီခ်င္းေအးေအးေလးေတြကိုမွ သီဆိုတတ္တဲ့ နာမည္ေက်ာ္အဆိုေတာ္နီနီခင္ေဇာ္နဲ႔ ပရိသတ္ေတြကို အထူးတလည္မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္။ နီနီခင္ေဇာ္ကေတာ့ အသံခ်ိဳခ်ိဳေအးေအးေလးေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ရင္ထဲထိကို စြဲလမ္းေအာင္ျမင္ေစတဲ့ အဆိုေတာ္တစ္လက္ဆိုလည္း မမွားေလာက္ပါဘူးေနာ္။ သူမရဲ႕ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ “Stand by Me”သီခ်င္းေလးကေတာ့ ပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာ ေရပန္းစားေအာင္ျမင္ေနတဲ့ သီခ်င္းတစ္ပုဒ္ပဲျဖစ္ပါတယ္။

 

ကို႐ိုနာေရာဂါေၾကာင့္ သူမရဲ႕ သီခ်င္းအသစ္ထြက္ႏိုင္ဖို႔ကို ေခတၱရပ္နားၿပီး အိမ္မွာနားေနစဥ္ အမွတ္တရျဖစ္ေစခဲ့တဲ့ပုံရိပ္ေလးေတြနဲ႔ ဗီဒီယိုေလးေတြကိုေတာ့ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႔က ျမန္မာႏွစ္သစ္ကူးႏွစ္ဆန္းတစ္ရက္ေန႔လည္းျဖစ္တာေၾကာင့္ နီနီခင္ေဇာ္ကေတာ့”မဂ္လာရွိ​ေသာ ႏွစ္သစ္ပါ​ေစ၊ႏွစ္သစ္မွာ ခ်စ္​​ေသာပရိသတ္မ်ားအားလုံး သူငယ္ခ်င္းမ်ားအားလုံးကိုအရမ္း သတိရ​ေၾကာင္းလည္း အိမ္ က​ေနေျပာခ်င္ပါတယ္၊ႏွစ္သစ္ ​ေန​​ေကာင္း ​က်န္းမာၿပီး ကပ္ဆိုးက​ေန အျမန္ဆုံးကင္း​ေဝးပါ​ေစလို႔ လူတိုင္းထပ္တူ ဆု​​ေတာင္း​ေနမွာအမွန္ပါပဲ၊အထူး​​ေက်းဇူတင္ ဂုဏ္ျပဳဆု​​ေတာင္း​ေပးခ်င္တာက ​ေတာ့ Front Line Heros က်န္းမာ​ေရးဝန္ထမ္း ျပည္သူ႔လုံၿခဳံ​​ေရးအတြက္ ထမ္း​ေဆာင္​ေနရ​ေသာ heros မ်ား ​​ေဘးကင္းက်န္းမာပါ​ေစ၊နီနီက​ေတာ့ ​အျမန္ဆုံး ဒီကပ္ဆိုးႀကီးပီးတာနဲ႔ တန္ဖိုးထားခ်စ္ရတဲ့ မိသားစု နဲ႔ ပရိသတ္​ေတြ သူငယ္ခ်င္း​ေတြကို အားပါးတရ ေတြ႕ခ်င္ပါ​တယ္ အဲ့ဒီ “တ​ေန႔” ကိုလည္း ​ေမွ်ာ္လင့္​ေနပါတယ္”လို႕ သူမရဲ႕ႏွစ္သစ္ဆုမြန္ေတာင္းေလးကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္္ေပးေလ့ရွိပါတယ္။

 

 

CeleConnections ပရိသတ္ေတြအတြက္ နီနီခင္ေဇာ္ရဲ႕ ဆုမြန္ေတာင္းေလးကို ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။နီနီရဲ႕ဆုမြန္ေတာင္းတဲ့အတုိင္း ပရိသတ္ေတြလည္း တစ္ထပ္တည္းက်လိမ့္မယ္လို႕ ထင္ပါတယ္။

Soure…. Ni Ni Khin Zaw’s Facebook
Angella(CeleConnections)
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

“ချစ်ရတဲ့ပရိသတ်တွေကို နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ရင်း ကိုဗစ်ပြီးရင်ပြန်ဆုံကြမယ်လို့ ဆိုလိုက်တဲ့ နီနီခင်ဇော်”

သီချင်းအေးအေးလေးတွေကိုမှ သီဆိုတတ်တဲ့ နာမည်ကျော်အဆိုတော်နီနီခင်ဇော်နဲ့ ပရိသတ်တွေကို အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နီနီခင်ဇော်ကတော့ အသံချိုချိုအေးအေးလေးတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲထိကို စွဲလမ်းအောင်မြင်စေတဲ့ အဆိုတော်တစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Stand by Me”သီချင်းလေးကတော့ ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားအောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါကြောင့် သူမရဲ့ သီချင်းအသစ်ထွက်နိုင်ဖို့ကို ခေတ္တရပ်နားပြီး အိမ်မှာနားနေစဉ် အမှတ်တရဖြစ်စေခဲ့တဲ့ပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကိုတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့က မြန်မာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့လည်းဖြစ်တာကြောင့် နီနီခင်ဇော်ကတော့”မဂ်လာရှိသော နှစ်သစ်ပါစေ၊နှစ်သစ်မှာ ချစ်သောပရိသတ်များအားလုံး သူငယ်ချင်းများအားလုံးကိုအရမ်း သတိရကြောင်းလည်း အိမ် ကနေပြောချင်ပါတယ်၊နှစ်သစ် နေကောင်း ကျန်းမာပြီး ကပ်ဆိုးကနေ အမြန်ဆုံးကင်းဝေးပါစေလို့ လူတိုင်းထပ်တူ ဆုတောင်းနေမှာအမှန်ပါပဲ၊အထူးကျေးဇူတင် ဂုဏ်ပြုဆုတောင်းပေးချင်တာက တော့ Front Line Heros ကျန်းမာရေးဝန်ထမ်း ပြည်သူ့လုံခြုံရေးအတွက် ထမ်းဆောင်နေရသော heros များ ဘေးကင်းကျန်းမာပါစေ၊နီနီကတော့ အမြန်ဆုံး ဒီကပ်ဆိုးကြီးပီးတာနဲ့ တန်ဖိုးထားချစ်ရတဲ့ မိသားစု နဲ့ ပရိသတ်တွေ သူငယ်ချင်းတွေကို အားပါးတရ တွေ့ချင်ပါတယ် အဲ့ဒီ “တနေ့” ကိုလည်း မျှော်လင့်နေပါတယ်”လို့ သူမရဲ့နှစ်သစ်ဆုမွန်တောင်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

CeleConnections ပရိသတ်တွေအတွက် နီနီခင်ဇော်ရဲ့ ဆုမွန်တောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။နီနီရဲ့ဆုမွန်တောင်းတဲ့အတိုင်း ပရိသတ်တွေလည်း တစ်ထပ်တည်းကျလိမ့်မယ်လို့ ထင်ပါတယ်။

Soure…. Ni Ni Khin Zaw’s Facebook
Angella(CeleConnections)

error: Alert: Content is protected !!