” ခ်စ္စရာေကာင္းတဲ့သားေလးနဲ႕အတူ အိမ္မွာေနကာ ေလ့က်င့္ခန္းေတြလုပ္ေနတဲ့ မယ္လိုဒီရဲ႕ ဗီဒီယိုဖိုင္ “

CeleConnections ပရိသတ္ႀကီးေရ ဝါရင့္ သ႐ုပ္ေဆာင္မင္းသမီး မယ္လိုဒီကေတာ့ အသားအေရးဝင္းလက္လွပမႈေတြအျပင္ ျပစ္မ်ိဳးမွဲ႔မထင္ေအာင္ ေခ်ာေမာမႈေတြေၾကာင့္ မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ား အားက်ရတဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ဆယ္စုႏွစ္တစ္ခုအၾကာကတည္းက ေယာက်ာ္းေလးပရိသတ္ေတြ တစ္ခဲနက္အားေပးခဲ့ရတဲ့ ေအာင္ျမင္တဲ့အကယ္ဒမီ္ မင္းသမီးတစ္လက္ပါ။

အိမ္ေထာင္က်ၿပီးေနာက္ပိုင္း သူမရဲ႕ အႏုပညာအလုပ္ေတြကို ေခတၱရပ္နားၿပီး မိသားစုကိုပဲ အခ်ိန္ေပးခဲ့ၿပီး အခုခ်ိန္မွာ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ကာ ခ်စ္စရာေကာင္းတဲ့ သားေလးအျပင္ ေပ်ာ္႐ႊင္သာယာတဲ့အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ သူမရဲ႕ သားေလးသိဒၶိစစ္ ကေတာ့ အေမနဲ႔ အေဖရဲ႕ လွပေခ်ာေမာတဲ့ အရာေတြကိုပဲ ပိုင္ဆိုင္ထားတာေၾကာင့္ ပရိသတ္ေတြသာမက အႏုပညာရွင္မင္းသမီးေခ်ာေလးေတြက ေယာကၡမေတာ္ခ်င္တယ္လို႔ စေနာက္ၾကရတဲ့ အထိပါပဲေနာ္။

ဒီေန႕မွာေတာ့ ” လြယ္ေတာ့မလြယ္ဘူးဒါေပမယ့္ စိတ္ခ်မ္းသာရပါတယ္ပုံမွန္ေလ့က်င့္ရင္း ပိုမိုလွပ က်န္းမာ ေပ်ာ္ရႊင္ေသာဘဝဆီသို႔ေလ့က်င့္ခန္းအလုပ္လြန္ရင္း မာဆယ္နာ ပီဇာကိုမစားမဖူး ၄ခ်ပ္စား ရင္ေခါင္းေတာင့္အစာအိမ္နာတာညည မသိရင္ သူမ်ားဘဲျပဳစားထားသလို ၃ ညေလာက္လူးလွိမ့္ေနေအာင္ခံစားလိုက္ရတယ္။အၿမဲၾကည့္ေပးေနက်ဆရာဝန္က ဗိုက္ေအာင့္တယ္ ေျပာလိုက္တာနဲ႔ belly ကစားထားေသးလားတဲ့ videoclip ေတာင္မတင္ရေသးဘဲ အၾကားအျမင္ရသလိုေမးတယ္။

အနာနဲ႔ေဆးေတြ႕ ၃ရက္ေလာက္   ဂူဂူဂါဂါေသေလာက္ေအာင္နာၿပီး အိပ္မရခဲ့တာယူပစ္သလိုေပ်ာက္သြားေရာဒါနဲ႔ဘဲ အမွတ္မရွိ ေန႔တိုင္းဆက္ကစားေနပါတယ္ဒီpostကိုဆရာနဲ႔ေဘဘီ ျမင္ရင္ မသိခ်င္ေယာင္ေဆာင္ေပးပါ😷 အၿမဲတမ္း ေစတနာနဲ႔ကုသေပးလို႔ေက်းဇူးအထူးတင္ပါတယ္ရွင္မကစားရမေနႏိုႈလို႔ပါPOWERHOUSE ကိုလဲလြမ္းလွၿပီဘဝရွင္မင္းတရားႀကီးသိဒိၶစစ္ႏွင္နတ္သမီးေမေမ( ၇ )ရက္သားသမီး အားလုံး သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵျပည့္စုံၾကပါေစရွင္ ” ဆိုတဲ့ စာေလးနဲ႕ အတူ ခ်စ္စရာေကာင္းတ့သားေလးနဲ႕ ေလ့က်င့္ခန္းလုပ္ခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကို ေဝမွ်ခဲ့တာပဲ ျဖစ္ပါတယ္။ CeleConnections ပရိသတ္ႀကီးလည္း ခ်စ္စရာေကာင္းလွတဲ့ မယ္လိုဒီတို႕ သားအမိကို ခ်စ္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။

Source : Melody Myo
Candy -CeleConnections

ယူနီကုတ္ျဖင့္ဖတ္ရန္

” ချစ်စရာကောင်းတဲ့သားလေးနဲ့အတူ အိမ်မှာနေကာ လေ့ကျင့်ခန်းတွေလုပ်နေတဲ့ မယ်လိုဒီရဲ့ ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ   ဝါရင့် သရုပ်ဆောင်မင်းသမီး မယ်လိုဒီကတော့ အသားအရေးဝင်းလက်လှပမှုတွေအပြင် ပြစ်မျိုးမှဲ့မထင်အောင် ချောမောမှုတွေကြောင့် မိန်းကလေးပရိသတ်တော်တော်များများ အားကျရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဆယ်စုနှစ်တစ်ခုအကြာကတည်းက ယောကျာ်းလေးပရိသတ်တွေ တစ်ခဲနက်အားပေးခဲ့ရတဲ့ အောင်မြင်တဲ့အကယ်ဒမီ် မင်းသမီးတစ်လက်ပါ။

အိမ်ထောင်ကျပြီးနောက်ပိုင်း သူမရဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားပြီး မိသားစုကိုပဲ အချိန်ပေးခဲ့ပြီး အခုချိန်မှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ကာ ချစ်စရာကောင်းတဲ့ သားလေးအပြင် ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ သားလေးသိဒ္ဓိစစ် ကတော့ အမေနဲ့ အဖေရဲ့ လှပချောမောတဲ့ အရာတွေကိုပဲ ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေသာမက အနုပညာရှင်မင်းသမီးချောလေးတွေက ယောက္ခမတော်ချင်တယ်လို့ စနောက်ကြရတဲ့ အထိပါပဲနော်။

ဒီနေ့မှာတော့ ” လွယ်တော့မလွယ်ဘူးဒါပေမယ့် စိတ်ချမ်းသာရပါတယ်ပုံမှန်လေ့ကျင့်ရင်း ပိုမိုလှပ ကျန်းမာ ပျော်ရွှင်သောဘဝဆီသို့လေ့ကျင့်ခန်းအလုပ်လွန်ရင်း မာဆယ်နာ ပီဇာကိုမစားမဖူး ၄ချပ်စား ရင်ခေါင်းတောင့်အစာအိမ်နာတာညည မသိရင် သူများဘဲပြုစားထားသလို ၃ ညလောက်လူးလှိမ့်နေအောင်ခံစားလိုက်ရတယ်။အမြဲကြည့်ပေးနေကျဆရာဝန်က ဗိုက်အောင့်တယ် ပြောလိုက်တာနဲ့ belly ကစားထားသေးလားတဲ့ videoclip တောင်မတင်ရသေးဘဲ အကြားအမြင်ရသလိုမေးတယ်

အနာနဲ့ဆေးတွေ့ ၃ရက်လောက် ဂူဂူဂါဂါသေလောက်အောင်နာပြီး အိပ်မရခဲ့တာယူပစ်သလိုပျောက်သွားရောဒါနဲ့ဘဲ အမှတ်မရှိ နေ့တိုင်းဆက်ကစားနေပါတယ်ဒီpostကိုဆရာနဲ့ဘေဘီ မြင်ရင် မသိချင်ယောင်ဆောင်ပေးပါ😷 အမြဲတမ်း စေတနာနဲ့ကုသပေးလို့ကျေးဇူးအထူးတင်ပါတယ်ရှင်မကစားရမနေနိုင်လို့ပါPOWERHOUSE ကိုလဲလွမ်းလှပြီဘဝရှင်မင်းတရားကြီးသိဒ္ဓိစစ်နှင်နတ်သမီးမေမေ( ၇ )ရက်သားသမီး အားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်စုံကြပါစေရှင် ” ဆိုတဲ့ စာလေးနဲ့ အတူ ချစ်စရာကောင်းတ့သားလေးနဲ့ လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းလှတဲ့ မယ်လိုဒီတို့ သားအမိကို ချစ်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Melody Myo
Candy -CeleConnections

error: Alert: Content is protected !!