J Me ဆီမွာ ေရာဂါပိုးမေတြ့ရေပမယ့္ J Me ရဲ့ အမ်ိဳးသမီးဆီမွာေတာ့ Covid – 19 ေရာဂါပိုးေတြ့ရိွရ

လူငယ္ၾကိဳက္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ J Me က ျပီးခဲ့တဲ့ ရက္သတၱပတ္က ဘာသာေရးပြဲအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ျပီး Covid – 19 ေရာဂါပိုးရိွသူေတြနဲ့ ထိေတြ့ခဲ့တာ ျဖစ္ပါတယ္။ ထိုေန့ေနာက္ပိုင္းမွာေတာ့ J Me နဲ့တကြ သူ့ရဲ့ အမ်ိဳးသမီးနဲ့ (၂) နွစ္အရြယ္ သမီးတို့လည္း ဖ်ားနာခဲ့ျပီး ေဆးရံုမွာ ေဆးကုသမႈခံယူခဲ့တာ ျဖစ္ပါတယ္။ J Me တို့မိသားစုက ျပီးခဲ့တဲ့ ဧျပီလ (၁၄) ရက္ေန့မွာေတာ့ သူတို့ရဲ့ သေဘာဆႏၵအေလ်ာက္ Quarantine (၂၁) ရက္ေနထိုင္ဖို့ သြားေရာက္ခဲ့ျပီး ေဆးစစ္မႈ ခံယူခဲ့တာပဲ ျဖစ္ပါတယ္။

 

 

ေဆးစစ္မႈရလဒ္အေျဖအရ အဆိုေတာ္ J Me နဲ့ သမီးေလးထံမွာ Covid – 19 ေရာဂါ ပိုးမေတြေပမယ့္ J Me ရဲ့ အမ်ိဳးသမီးျဖစ္သူ မေမရီဆိုင္းဆိုင္ကေတာ့ Covid – 19 ေရာဂါကူးစက္ခံေနရျပီျဖစ္တယ္လို့ သိရပါတယ္။ အခုလက္ရိွမွာေတာ့ J Me တို့ မိသားစုက ေဆးကုသမႈ ဆက္လက္ခံယူေနတာပဲ ျဖစ္ပါတယ္။

 

 

J Me နဲ့ သမီးေလးထံမွာ ေရာဂါပိုးမေတြ့ရေပမယ့္ J Me ရဲ့ အမ်ိဳးသမီးျဖစ္သူအတြက္ကေတာ့ စိတ္မေကာင္းစရာပါပဲ။ လူနာေတြအားလံုး အျမန္ဆံုး သက္သာေပ်ာက္ကင္းၾကပါေစလို့ Cele Connections မွ ဆုေတာင္းေပးလိုက္ပါတယ္။

 

 

Source: Sanchaung Politics’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

J Me ဆီမှာ ရောဂါပိုးမတွေ့ရပေမယ့် J Me ရဲ့ အမျိုးသမီးဆီမှာတော့ Covid – 19 ရောဂါပိုးတွေ့ရှိရ

လူငယ်ကြိုက် အဆိုတော်တစ်ယောက်ဖြစ်တဲ့ J Me က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘာသာရေးပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး Covid – 19 ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့တာ ဖြစ်ပါတယ်။ ထိုနေ့နောက်ပိုင်းမှာတော့ J Me နဲ့တကွ သူ့ရဲ့ အမျိုးသမီးနဲ့ (၂) နှစ်အရွယ် သမီးတို့လည်း ဖျားနာခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။ J Me တို့မိသားစုက ပြီးခဲ့တဲ့ ဧပြီလ (၁၄) ရက်နေ့မှာတော့ သူတို့ရဲ့ သဘောဆန္ဒအလျောက် Quarantine (၂၁) ရက်နေထိုင်ဖို့ သွားရောက်ခဲ့ပြီး ဆေးစစ်မှု ခံယူခဲ့တာပဲ ဖြစ်ပါတယ်။

ဆေးစစ်မှုရလဒ်အဖြေအရ အဆိုတော် J Me နဲ့ သမီးလေးထံမှာ Covid – 19 ရောဂါ ပိုးမတွေပေမယ့် J Me ရဲ့ အမျိုးသမီးဖြစ်သူ မမေရီဆိုင်းဆိုင်ကတော့ Covid – 19 ရောဂါကူးစက်ခံနေရပြီဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ J Me တို့ မိသားစုက ဆေးကုသမှု ဆက်လက်ခံယူနေတာပဲ ဖြစ်ပါတယ်။

J Me နဲ့ သမီးလေးထံမှာ ရောဂါပိုးမတွေ့ရပေမယ့် J Me ရဲ့ အမျိုးသမီးဖြစ်သူအတွက်ကတော့ စိတ်မကောင်းစရာပါပဲ။ လူနာတွေအားလုံး အမြန်ဆုံး သက်သာပျောက်ကင်းကြပါစေလို့ Cele Connections မှ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sanchaung Politics’s fb
Bilie – Cele Connections

error: Alert: Content is protected !!