

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid – 19 ရောဂါကူးစက်ခံလိုက်ရပြီဖြစ်တဲ့ အဆိုတော် နီတာ

အဆိုတော် နီတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘာသာရေးတရားပွဲတစ်ခု တက်ရောက်ခဲ့ခြင်းကြောင့် (၈) ရက် ဆက်တိုက်ဖျားနာနေတာပဲ ဖြစ်ပါတယ်။ နီတာက ရောဂါလက္ခဏာပြနေသည့်အတွက် သူ့ရဲ့ သဘောဆန္ဒအလျောက် Quarantine ဝင်ရောက်ကာ စောင့်ကြပ်ကြည့်ရှုခြင်းခံနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ (၁၆) ရက်နေ့မှာတော့ နီတာက သူ့ရဲ့ ဆေးစစ်ချက်အဖြေကို သိရှိရပြီပဲ ဖြစ်ပါတယ်။

နီတာက သူ့ရဲ့ ဆေးစစ်ချက်အဖြေကို “ကျွန်တော် နီတာ Possitive ပါ။ အားလုံးစိတ်မပူကြပါနဲ့ ။ ကျွန်တော်ပြန်လာခဲ့ပါ့မယ်။ ” ဆိုပြီး စိတ်မကောင်းဖြစ်စွာနဲ့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြထားတာပဲ ဖြစ်ပါတယ်။

နီတာကတော့ Covid – 19 ရောဂါကူးစက်ခံလိုက်ရပေမယ့် ကောင်းမွန်ကြပ်မတ်တဲ့ ဆေးကုသမှုတွေခံယူလိုက်ရင် သက်သာပျောက်ကင်းသွားမယ်လို့ ယုံကြည်ပါတယ်။ နီတာတစ်ယောက် အမြန်ဆုံး ရောဂါပျောက်ကင်းပြီး ပရိသတ်တွေ ရှေ့မှောက် အမြန်ဆုံး ပြန်လည်ရောက်ရှိလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ni Tar Vocalist’s fb
Bilie – Cele Connections

error: Alert: Content is protected !!