

 

 


 

 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

Covid – 19 ရောဂါကူးစက်ခံရခြင်းမရှိကြောင်း တရားဝင် ထုတ်ပြောလာတဲ့ သီရိရှင်းသန့်

သရုပ်ဆောင်နဲ့ မော်ဒယ် သီရိရှင်းသန့်က ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာကြောင့် Covid – 19 ရောဂါကူးစက်ခံရပြီဆိုပြီး ကောလဟာလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သီရိရှင်းသန့်ကတော့ မနေ့က ဧပြီလ(၁၅) ရက်နေ့မှာ ဆေးစစ်မှုခံယူခဲ့ပြီး ဆေးစစ်မှု ရလဒ်အဖြေကို ပရိသတ်တွေဆီ သူမကိုယ်တိုင် ချပြဖို့ ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သီရိရှင်းသန့်က သူမရဲ့ ပရိသတ်တွေ အတွက် ဆေးစစ်ချက်ရလဒ်အဖြေလေးကို ပြောပြာလာပါတယ်။ ရလဒ်ကတော့ သီရရှင်းသန့်မှာ Covid – 19 ရောဂါ Negative ဖြစ်ကြောင်း သတင်းကောင်းလေးကို ဝေမျှလာတာပဲ ဖြစ်ပါတယ်။

သီရိရှင်းသန့်ကတော့ ဆေးစစ်ချက်ရလဒ်ကတော့ ပရိသတ်တွေ မြင်တဲ့အတိုင်း Negative ဖြစ်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Thiri Shinn Thant’s fb
Bilie – Cele Connections

error: Alert: Content is protected !!