

 

 


 

 




ယူနီကုဒ်ဖြင့်ဖတ်ရန်

“ဇာတ်ကားမရိုက်ရလည်း သူ့ဘဝကဘာမှမဖြစ်သွားပါဘူး အဲ့အတွက်ကြောင့် လာလာမတိုက်ခိုက်ကြပါနဲ့လို့ဆိုလာတဲ့ ဇေရဲထက်”

မြန်မာနိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ဇေရဲထက်ကိုတော့ CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ဇေရဲထက်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို တစ်မျိုးနဲ့ တစ်မျိုးမတူအောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုမလျော့သွားအောင်လည်း ကြိုးစားနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဇေရဲထက်ကတော့ သူရဲ့ချက်ပြုတ်စားသောက်တဲ့အမှတ်တရပုံရိပ်တွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ဇေရဲထက်က “ဪ အခုထိမပြီးနိုင်တဲ့ MCရဲ့လုပ်ရပ် သနားစရာပါလားငါ့ဘဝက မြောင်းထဲမှာတဲ့ ခေါ်မရိုက်တော့ဘူးတဲ့ ဟုတ်ပါတယ် ခေါ်မရိုက်ကြပါဘူး။ကျွန်တော့်ထက်ဝါရင့်စီနီယာတွေလည်းတစ်ယောက်မှနာမည်ကျခြင်းမရှိသလို သူတို့ကောရိုက်နေရလို့လားဗျာ ကျွန်တော်ကလည်း ရှင်းရှင်းလေးပါ လာကတည်းက (ဝ) (ဝ)ပြန်ဖြစ်သွားလည်း အေးဆေး ပညာတွေ ဗဟုသုတတွေ ရခဲ့တာအမြတ် မရိုက်ရလည်း ကျွန်တော် (၁၀)စုနှစ်တခုနီးပါးရိုက်ခဲ့ပြီးပြီလေ မရိုတ်ဖူးတာမှမဟုတ်တာဗျာ ပြီးတော့ ဒီအလုပ်တခုတည်းလုပ်တတ်တာမှမဟုတ်တာ ခင်များလေးအရေးအသားက ကျနော့်ကိုမြောင်းထဲကိုရောက်စေချင်တာအသိသာကြီးပါ ။ ခင်မျာလေးပြောသလို ကျွန်တော် အောက်တန်းစားစိတ်ရှိရင် ဘုရားရိုက်လိမ့်မယ်။ ခင်များလေးသူများကိုမဟုတ်မတရားပြောရင် ကျွန်တော်မကျိန်ပါဘူး။ ခင်များလေးကိုဘုရားရိုက်လိမ့်မယ်။ ဘုရားရိုတ်ရင်နာတယ်နော်။ ကျွန်တော်အခုလှူတာက အမေစုဖောင်ဒေးရှင်းကနေ ပြည်သူအတွက်လှူခဲ့တာပါ ။ ကျွန်တော်ဆရာဝန်တွေအတွက်တောင် ဒုတိယဦးစားပေးစဉ်းစားတာပါ ။

ဒါပေမယ့် ကျွန်တော်ကို အခုလို ပရိသတ်ကျွေးတဲ့ထမင်းကိုစားပြီး ပရိသတ်ကိုအရင်ဆုံးကိုတတ်နိုင်တာလေးနဲ့လှူတာတောင် ပြောတော့ နောက်ထပ်လှူရင်တောင် ပြောခံရလို့လှူတယ်လာဦးမှာ ဟုတ်ပါတယ် ကျွန်တော်ကိုမတိုက်ခိုက်ပါနဲ့ ၊လျှစ်လျူရှု့လိုက်ပါ၊ကျွန်တော့်ကိုမရိုက်တော့တာနဲ့ အလိုလိုပျောက်မှာပါလို့လည်းပြောပြီးပါပြီ ၊ ထပ်ထပ်ပြီးလည်းမလုပ်ကြပါနဲ့တော့ တောင်းပန်ပါတယ်”လို့ဆိုကာ သူကို တိုက်ခိုက်နေတဲ့တစ်ယောက်ကို ခံစားချက်ပြင်းထန်စွာနဲ့ ရေးကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။CeleConnections ပရိသတ်တွေအတွက် ဇေရဲထက်ရဲ့ခံစားချက်လေးတွေကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း ဇေရဲထက်ကို အားပေးချစ်ခင်  တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်  ရေးပေးခဲ့ကြပါနော်။

Soure…. Zay Ye Htet’s Facebook

Angella(CeleConnections)

error: Alert: Content is protected !!