ယူနီကုဒ်ဖြင့် ဖတ်ရန်
“ (၉၃) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ နေထိုင်သူတွေအတွက် စားသောက်ဖွယ်ရာများ ထပ်မံလှူဒါန်းခဲ့တဲ့ စမိုင်းလ်”
အလှူအတန်းရက်ရောတဲ့ အများအကျိုးသယ်ပိုး တဲ့ သရုပ်ဆောင်စမိုင်းလ်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ လက်ရှိ ပျံ့နှံ့နေတဲ့ ရောဂါကပ်ဆိုးကြောင့် အိမ်မှာပဲ နေနေရပြီး အစားအသောက်အတွက် ခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေအတွက် သူမတတ်နိုင်သလောက် ကူညီလှူဒါန်းနေပြီး ဆေးရုံဆေးခန်းများအတွက်လည်း လိုအပ်နေတဲ့ ကျန်းမာရေး ပစ္စည်းတွေကို လှူဒါန်းနေသူပဲဖြစ်ပါတယ်..။
စမိုင်းလ်ကတော့ ဧပြီလ (၁၅)ရက်နေ့က တောင်ဒဂုံမြို့နယ် (၆၅)ရပ်ကွက်အတွင်း နေထိုင်သူတွေအတွက်ကို ကြက်သားဗူးသီးဟင်း ဗူး(၁၀၀)ကို စတုဒီသာလုပ်ကာ မျှဝေခဲ့ပြီး ဒီနေ့ဧပြီလ (၁၆)ရက်နေ့မှာလည်း ထပ်မံပြီး ကုသိုလ်ယူခဲ့တဲ့ သူမရဲ့ အလှူအတွက် ပရိသတ်တွေ သာဓု ခေါ်ဆိုနိုင်အောင် “ယနေ့ကုသိုလ် (၉၃) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ် သွားရောက်လှူဒါန်းပေးသော ခေတ်ရေစီးအဖွဲ့ကို ကျေးဇူးတင်ပါတယ်.။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကို တင်လာခဲ့ပါတယ်..။
စမိုင်းလ်ကတော့ သူမတတ်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းပြီး အများအကျိုးကို အကောင်းဆုံးကြီးပမ်းနေတဲ့ သူပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း အများအကျိုုးသယ်ပိုးခဲ့တဲ့ စမိုင်းလ်ရဲ့ ကုသိုလ်  အလှူလေးကို သာဓုခေါ်ဆိုသွားကြပါဦးနော်.။
Source: စမိုင်းလ် Smile’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!