

 


 

 


 

Source :Moe Sithu Kyaw
ယူနီကုတ်ဖြင့်ဖတ်ရန်

” ဖြိုးလေးနဲ့ ဝါဆိုမိုးဦး တို့ စုံတွဲ ခေါ်ခဲ့တဲ့ အင်္ကျီချင်းလဲဝတ်တဲ့အခွီ Challenge ကို လက်ခံလိုက်တဲ့ မိုးမိုးတို့ဇနီးမောင်နှံ ”

CeleConnectionsပရိသတ်ကြီးရေ အဆိုတော်မိုးမိုးကတော့ ပရိသတ်တွေရင်ထဲကို ဆယ်စုနှစ်တစ်ခုအကျော်ထဲက ဝင်ရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တစ်ဦးပါ။ သူရဲ့ကျော်ကြားတဲ့သီချင်းတွေထဲက “အသက်လေးဆယ် ” သီချင်းဟာလည်း ပရိသတ်တွေအသက်အရွယ်မရွေးယခုချိန်ထိပါးစပ်ဖျားမှာစွဲစေတဲ့သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဒါ့အပြင်ယခုဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး ထိပ်ဆုံးကနေ ဆောင်ရန်ရှောင်ရန်အပြင် တကျမှန်ကန်တဲ့သတင်းတွေကိုဝေမျှလျက်ရှိတဲ့ အနုပညာရှင်တစ်ဦးပါ။အမြဲပျော်ရွှင်ရယ်မောပေါ့ပါးစွာနေတတ်တဲ့ မိုးမိုးကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကို ပိုင်ဆိုင်ထားကာ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ဒီနေ့မှာတော့ ” Challenge Accepted ပါPhyo Layy နဲ့ Warso Moe Oo. Jue Chit Thinzar နဲ့ အစ်ကိုရေ တစ်ယောက်ထဲတော့အရှက်ကွဲမခံပု ” ဆိုတဲ့စာလေးနဲ့အတူ ပျော်စရာ TikTok Challenge လေးကိုလက်ခံခဲ့တာပဲ ဖြစ်ပါတယ် ။ ပျော်စရာကောင်းတဲ့ မိုးမိုးတို့ဇနီးမောင်နှံရဲ့ ဒီယိုဖိုင်လေးကိုကြည့်ပြီးသဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Moe Sithu Kyaw
Candy -CeleConnections

 

error: Alert: Content is protected !!