

 

 


 

 


 

Source :Paing Takhon
ယူနီကုတ်ဖြင့်ဖတ်ရန်

” ပေါင်ရင်းကစကာ ခြေထောက်တစ်ဖက်လုံးကို တက်တူးအလန်းစားတွေ အပြည့်ထိုးလိုက်တဲ့ ပိုင်တံခွန်ဗီဒီယိုဖိုင် ”

CeleConnections ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ဘော်ဒီအမိုက်စားနဲ့ ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ပရိသတ်အားပေးဝန်းရံမှုကို ထိပ်ဆုံးကရရှိနေသူတစ်ယောက်လို့ ဆိုရမှာပါ။ သူဟာ ကိုရီးယားမင်းသားတစ်ယောက်လို စတိုင်မိတဲ့အပြင် ပုခုံးပေါ်ဝဲကျနေတဲ့ သူ့ဆံပင်ပုံစံကြောင့်လည်း မိန်းကလေးပရိသတ်တွေက စိတ်ဝင်တစားနဲ့ အာရုံစိုက်နေကြတာဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာပဲ အနုပညာအလုပ်တွေကို လုပ်ဆောင်နေတာတင်မကဘဲ ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေကို လက်ခံလုပ်ကိုင်နေရသူတစ်ယောက်ပါ။

ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံက နှုတ်ခမ်းနီမလေးတွေသာမက ထိုင်းမလေးတွေရဲ့ အသည်းစွဲအားပေးမှုကို ရရှိနေသူပါ။ပိုင်တံခွန်ဟာ အောင်မြင်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့်ရရှိလာတာနဲ့အမျှ သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာတွေကိုလည်း ပရိသတ်တွေက သဘောကျအားပေးနေကြတာပါ။ မြန်မာနိုင်ငံမှာသာမက ပြည်ပမှာပါ အနုပညာအလုပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေတဲ့ ပိုင်တံခွန်ရဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါသေးတယ်။

ဒီနေ့မှာတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ My Day မှာ ” Done ” ဆိုတဲ့ စာလေးနဲ့အတူ သူ့ရဲ့ဘယ်ဘက်ခြေထောက်တစ်ခုလုံးကို ပေါင်းရင်းကနေ စတင်ကာ တက်တူးတွေပုံစံမျိုးစုံ စုံလင်စွာ ထိုးပြီးကြောင်း သူ့ရဲ့ ပရိသတ်တွေကို ပြောပြလာတာပဲ ဖြစ်ပါတယ်။.CeleConnetions ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ တက်တူးအလန်းစားလေးတွေကိုကြည့်ပြီး သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source :Paing Takhon
Candy -CeleConnections

error: Alert: Content is protected !!