ယူနီကုဒ်ဖြင့် ဖတ်ရန်
“အိမ်မှာနေရင်း ဆွဲဆောင်မှုရှိရှိ အမိုက်စားကကွက်လေးတွေနဲ့ ကထားတဲ့ ဝါဆိုမိုးဦးတို့ ညီအစ်မ (၄)ယောက်ရဲ့ ဗီဒီယိုဖိုင်လေး”
ဘော်ဒီအမိုက်စား လှပလွန်းတဲ့ သရုပ်ဆောင် ဝါဆိုမိုးဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ဝါဆိုဟာ ကလေးဘဝငယ်စဉ်တည်းက သရုပ်ဆောင်လာခဲ့ပြီး ချစ်စရာကောင်းတဲ့ ကလေးမလေးကနေ လှပပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ မင်းသမီး သရုပ်ဆောင်ဖြစ်လို့နေပြီ ပဲဖြစ်ပါတယ်..။ အနုပညာအလုပ်တွေကို သူမကိုယ်တိုင်လည်း လုပ်ဆောင် နေသလို ညီမဖြစ်သူ တွေကိုလည်း အနုပညာလောကထဲကို တွဲခေါ်ကာ အစ်မကြီး အမိရာ ဆိုသလို အစ်မကောင်း တစ်ယောက်လည်း ဖြစ်ပါသေးတယ်နော်..။
မွေးချင်းညီမ (၄)ယောက်ရှိပြီး ဝါဆိုကတော့ အကြီးဆုံး အစ်မဖြစ်ပြီး ညီမဖြစ်သူတွေနဲ့ အိမ်မှာနေရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ပုံရိပ်နဲ့ ဗီဒီယိုလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.. ။ အစ်မဖြစ်သူ ဝါဆိုလိုပဲ လှပပြီးချောမောတဲ့ ညီမတွေဟာ ဘော်ဒီကောက်ကြောင်း အလှမှာတော့ အစ်မဖြစ်သူ ဝါဆိုကို မမှီရင်တောင် မလျော့တဲ့ အလှတွေကို ပိုင်ဆိုင်ထားသူလေး တွေပဲဖြစ်ပါတယ်နော်..။ ဧပြီလ (၁၅)ရက်နေ့မှာ ဝါဆိုက သူမရဲ့ ညီမဖြစ်သူတွေနဲ့ အိမ်မှာနေရင်း ကထားတဲ့ ဗီဒီယိုဖိုင်လေးကို “အိမ်မှာနေတဲ့ ညီမတွေရဲ့ performance လေးပါပဲ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။
ဝါဆိုတို့ ညီအစ်မ (၄)ယောက်ကတော့ စည်းချက်ညီညီ ဆွဲဆောင်မှုရှိရှိနဲ့ အမိုက်စားလေး ကပြလိုက်တာပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးအတွက် ဝါဆိုမိုးဦးတို့ ညီအစ်မ(၄)ယောက်ရဲ့ အမိုက်စားကနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်..။ ပရိသတ်ကြီးလည်း ဝါဆိုတို့ ညီအစ်မ(၄)ယောက်ကို အားပေးရင်လည်း မှတ်ချက်လေးတွေ  ရေးပေးခဲ့ပါဦးနော်..။
Source: Warso Moe Oo’s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!