အမ်ားရဲ့ေတာင္းဆိုမႈနဲ့ အနုပညာဆန္တဲ့ မုန႔္လိပ္ျပာ ကို ေခတၱခဏ ဝင္ေရာက္လုပ္ကိုင္ခဲ့တဲ့ ေက်ာ္သူ

နာေရးကူညီမႈအသင္း(ရန္ကုန္) ရဲ႕ ဥကၠဌတစ္ေယာက္ျဖစ္သူ ေက်ာ္သူကေတာ့ အႏုပညာလုပ္ငန္းေတြကို ႀကိဳးစားပန္းစားလုပ္ကိုင္ေနသလို လူမႈကူညီမႈလုပ္ငန္းေတြကိုလည္း အားတက္သေရာ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ နာေရးကူညီမႈအသင္း (ရန္ကုန္)က ႏွစ္စဥ္သၾကၤန္ေရာက္တိုင္း အသင္းသူ အသင္းသားမ်ားကို စတုဒိသာေတြေကြၽးေမြးေလ့ရွိျပီး ဒီႏွစ္မွာလည္း ျမန္မာ့႐ိုးရာ မုန႔္ေလးတစ္ခုကို ျပဳလုပ္ၿပီး ကုသိုလ္ယူခဲ့ၾကပါတယ္။

 

 

ဒီကေန႔ သၾကၤန္အတက္ေန႔မွာ နာေရးကူညီမႈအသင္း ၾကာသပေတးေန႔ ေစတနာ့လုပ္အားေပး အသင္းသူ/သားမ်ားက ျမန္မာ့႐ိုးရာ အစားအစာျဖစ္ေသာ ” မုန႔္လိပ္ျပာ “မုန႔္မ်ားကို ကိုယ္တိုင္ျပဳလုပ္၍ ေကြၽးေမြးၿပီး ေက်ာ္သူကလည္း “အမ်ားရဲ႕ေတာင္းဆိုမႈနဲ႔ အႏုပညာဆန္တဲ့ မုန႔္လိပ္ျပာ ကို ေခတၱခဏ ဝင္ေရာက္လုပ္ကိုင္ၾကည့္မိပါတယ္။” ဆိုျပီး ေျပာထားပါတယ္။

 

 

ေက်ာ္သူကေတာ့ သၾကၤန္အတက္ေန့ေလးကို အသင္းသူ အသင္းသားေတြနဲ့ ေပ်ာ္ေပ်ာ္ပါးပါး ကုန္ဆံုးခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးေရာ ဒီကေန့ သၾကၤန္အတက္ေန့ေလးမွာ ဘာေတြလုပ္ကိုင္ျဖစ္လဲ ေဝမွ်ခဲ့ပါဦးေနာ္။

 

 

Source: Kyaw Thu’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အများရဲ့တောင်းဆိုမှုနဲ့ အနုပညာဆန်တဲ့ မုန့်လိပ်ပြာ ကို ခေတ္တခဏ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သူ ကျော်သူကတော့ အနုပညာလုပ်ငန်းတွေကို ကြိုးစားပန်းစားလုပ်ကိုင်နေသလို လူမှုကူညီမှုလုပ်ငန်းတွေကိုလည်း အားတက်သရော လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်)က နှစ်စဉ်သင်္ကြန်ရောက်တိုင်း အသင်းသူ အသင်းသားများကို စတုဒိသာတွေကျွေးမွေးလေ့ရှိပြီး ဒီနှစ်မှာလည်း မြန်မာ့ရိုးရာ မုန့်လေးတစ်ခုကို ပြုလုပ်ပြီး ကုသိုလ်ယူခဲ့ကြပါတယ်။

ဒီကနေ့ သင်္ကြန်အတက်နေ့မှာ နာရေးကူညီမှုအသင်း ကြာသပတေးနေ့ စေတနာ့လုပ်အားပေး အသင်းသူ/သားများက မြန်မာ့ရိုးရာ အစားအစာဖြစ်သော ” မုန့်လိပ်ပြာ “မုန့်များကို ကိုယ်တိုင်ပြုလုပ်၍ ကျွေးမွေးပြီး ကျော်သူကလည်း “အများရဲ့တောင်းဆိုမှုနဲ့ အနုပညာဆန်တဲ့ မုန့်လိပ်ပြာ ကို ခေတ္တခဏ ဝင်ရောက်လုပ်ကိုင်ကြည့်မိပါတယ်။” ဆိုပြီး ပြောထားပါတယ်။

ကျော်သူကတော့ သင်္ကြန်အတက်နေ့လေးကို အသင်းသူ အသင်းသားတွေနဲ့ ပျော်ပျော်ပါးပါး ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီကနေ့ သင်္ကြန်အတက်နေ့လေးမှာ ဘာတွေလုပ်ကိုင်ဖြစ်လဲ ဝေမျှခဲ့ပါဦးနော်။

Source: Kyaw Thu’s fb
Bilie – Cele Connections

error: Alert: Content is protected !!