



ယူနီကုဒ်ဖြင့်ဖတ်ရန်

အတာသင်္ကြန် နောက်ဆုံးနေ့လေးမှာ ပရိသတ်ကြီးအားလုံးကို အေးချမ်းအောင် သပြေခက်နဲ့ မေတ္တာရေလေး ဖျန်းပက်လိုက်တဲ့ အိန္ဒြာကျော်ဇင်

မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းနှစ်ဆယ်ကျော် အောင်မြင်မှုတွေနဲ့ ရပ်တည်ခဲ့သလို အခုချိန်ထိတိုင် ထိပ်ဆုံးမှာ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အနုပညာလုပ်ငန်းတွေ ရပ်နားထားရတဲ့ အိန္ဒြာကျော်ဇင်က ဒီနေ့မှာတော့ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်ကြီးကို မေတ္တာရေလေး ပက်ဖျန်းပြီး ဆုတောင်းမေတ္တာပို့သထားပါတယ်။

“2020ခုနှစ်ရဲ့ မြန်မာ့ရိုးရာအတာသင်္ကြန် နောက်ဆုံးနေ့လေးမှာ ချစ်သောပရိသတ်ကြီးအားလုံးကို အေးချမ်းအောင် သပြေခက်နဲ့ မေတ္တာရေလေး ဖျန်းပက်လိုက်တယ်နော်။ မြန်မာပြည်သူပြည်သားအားလုံး, ကမ္ဘာသူကမ္ဘာသား အားလုံး Covid-19 ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးကင်းလွတ်နိုင်ကြပြီး ကိုယ်ကျန်းကျန်းမာမာ စိတ်ချမ်းချမ်းသာသာ နဲ့ ပျော်ရွှင်အေးချမ်းတဲ့နေ့ရက်တွေကို အမြန်ဆုံး လျှောက်လှမ်းနိုင်ကြပါစေ။” ဆိုပြီး ဆုတောင်းပေးထားပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ သင်္ကြန်ရက်လေးမှာ သူမရဲ့ မိသားစုတွေနဲ့ အိမ်မှာပဲ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပျော်စရာကောင်းတဲ့ နှစ်သစ်အချိန်သမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

error: Alert: Content is protected !!