

 

 

 


 

 



ယူနီကုဒ်ဖြင့် ဖတ်ရန်

“သင်္ကြန်နောက်ဆုံးနေ့လေးမှာပဲ သူ့ရဲ့ သီဆိုဖျော်ဖြေမှုကို ကြည့်ပြီး ဆုံးပါးသွားခဲတဲ့ ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်မိနေတဲ့ နိုင်းဝမ်း”

အမိုက်စားသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ နိုင်းဝမ်းကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပရိသတ်တွေရဲ့ အားပေးမှုတွေကို “ငါ့အနားမှာ နင်သာရှိရင်”သီချင်းနဲ့ စတင်ရရှိခဲ့ပြီး နောက်ပိုင်းမှာလည်း အမိုက်စားသီချင်းတွေနဲ့ သူ့ရဲ့ အနုပညာပေါ် ရူးသွပ်မှုတွေကို ချပြခဲ့သူပဲဖြစ်ပါတယ်..။ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပြီး အမြဲတမ်း ပျော်ရွှင်တက်ကြွကာ အနုပညာရှင်များစွာနဲ့ လည်း ခင်မင်ရင်းနှီးသူပါ..။

သူ့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိပြီး ဒီနေ့ ဧပြီလ (၁၆)ရက်နေ့မှာတော့ သူ့ရဲ့ဖခင်ဖြစ်သူကို သတိရလွမ်းဆွတ်မိတဲ့ အကြောင်းလေးကို “သင်္ကြန်နောက်ဆုံးနေ့ သားသီချင်းဆိုတာလာကြည့်ပြီး လက်ပြနှုတ်ဆက်လို့ ပြန်သွားရာက အဖေဆုံးတာ ဒီနေ့ဆို (၇)နှစ်တောင်ရှိခဲ့ပြီ..။ စိတ်ထားပြည့်ဝလွန်းတဲ့အဖေ အကောင်းမွန်ဆုံးသောဘုံဘဝမှာ ပျော်ရွှင်နေပါစေ ပေါ့ပေါ့ရေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

သူသီချင်းဆိုတာကို လာကြည့်ပြီး လက်ပြနှုတ်ဆက်ကာ ပြန်သွားတဲ့ သင်္ကြန်နောက်ဆုံးနေ့လေးမှာပဲ ဆုံးသွားတဲ့ ဖခင်ဖြစ်သူကို လွမ်းဆွတ်တမ်းတ သတိရနေတဲ့ ပုံပါပဲနော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း သင်္ကြန်နောက်ဆုံးနေ့လေးမှာပဲ ခွဲခွာသွားခဲ့တဲ့ ဖခင်ဖြစ်သူကိုသတိရလွမ်းဆွတ်နေတဲ့ နိုင်းဝမ်းအတွက်   အားပေးစကားလေးတွေကို ပြောပေးခဲ့ပါဦးနော်..။
Source : Kyaw Zin Latt’s Facebook

Sakura(Cele Connections)

error: Alert: Content is protected !!