

 

 


 

 


 

 

ယူနီကုဒ်ဖြင့်ဖတ်ရန်

သင်္ကြန်ရက်လေး အိမ်မှာရှိတဲ့ ခွေး(၁၂) ကောင်ကို ရေချိုးပေးပြီး အချိန်ကုန်ဆုံးနေတဲ့ ဖွေးဖွေးရဲ့ဗီဒီယိုလေး

နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီးနှစ်ခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူမရဲ့ အနုပညာလုပ်ငန်းတွေအားလုံးကို ရပ်နားထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့ သင်္ကြန်အတက်နေ့လေးမှာတော့ ဖွေးဖွေးအိမ်မှာရှိတဲ့ ခွေးလေးတွေကို ရေချိုးပေးပြီး အချိန်ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက ခွေးချစ်သူတစ်ယောက်ဖြစ်ပြီး သူမအိမ်မှာ ခွေး(၁၂)ကောင်အပြင် အခြား ယုန်လေး၊ ကြောင်လေးတွေကိုလည်း မွေးထားတာ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ သင်္ကြန်မှာ လူတွေကို ရေမပက်ရလို့ ခွေးလေးတွေကို ရေချိုးပေးနေသလား ထင်ရပါတယ်နော်။ ပရိသတ်ကြီးရော ဒီနေ့ သင်္ကြန်နောက်ဆုံးရက်လေးမှာ ဘာတွေလုပ်ဖြစ်လဲ ပြောပြခဲ့ကြပါဦးနော်။

Source: Kyaw Kyaw Win’s fb
Bilie – Cele Connections

error: Alert: Content is protected !!