

 

 


 

 




ယူနီကုဒ်ဖြင့်ဖတ်ရန်

“သူမဘာသာ ရက်(၃၀)Challenge လုပ်တာ ခါး XS အသေးဆုံးဘောင်းဘီတောင် ချောင်သွားတယ်ဆိုတဲ့ စံရတီမိုးမြင့်”

CeleConnections ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မယ်ထင်တဲ့ မင်းသမီးချောလေးစံရတီမိုးမြင့်နဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ စံရတီမိုးမြင့်ကတော့ တခြားအနုပညာရှင်တွေနဲ့ မတူ ချစ်ဖို့ကောင်းတဲ့ အသံလေးနဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ အမူအကျင့်လေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခုချိန်ထိ ရရှိလာတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ဇာတ်ကားတိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

ကိုရိုနာရောဂါတွေကြောင့် အိမ်ထဲမှာနေရင်း သူမရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ စံရတီမိုးမြင့်ကတော အိမ်ထဲမှာနေရင်း”ကိုယ့်ဟာကိုယ် challenge လုပ်တယ် ..ခါး XS အသေးဆုံးဘောင်းဘီက ဒီလိုချောင်သွားတယ်.. 30 days Challenge မှာ ဒါ 1 week ပဲရှိသေးတယ်.. ထမင်းလဲစားတယ်..နေ့ခင်းပေါ့..ယူတို့လဲလေ့ကျင့်ခန်းလုပ်ကြပါ… အားလုံးပြီးရင် အလှဆုံးပြန်ထွက်လာမယ်နော်”လို့ဆိုကာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ချစ်ရတဲ့ ပရိသတ်တွေကိုလည်း လေ့ကျင့်ခန်းလုပ်ဖို့တိုက်တွန်းရင်းနဲ့ တင်ပေးလိုက်တာပါပဲနော်။

CeleConnections ပရိသတ်တွေအတွက် စံရတီမိုးမြင့်ရဲ့ bodyကို အားကျအောင် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း        စံရတီမိုးမြင့်လိုအားကျရင်        လေ့ကျင့်ခန်းလေးတွေလုပ်ကြမယ်လို့ထင်ပါတယ်။

Soure… San Yati Moe Myint’s Facebook

Angella(CeleConnections)

error: Alert: Content is protected !!