

 

 


 

 

 


 

 

ယူနီကုတ်ဖြင့်ဖတ်ရန်

” သူမနဲ့ချွတ်စွတ်တူတဲ့ပုံတူခဲပန်းချီလေးကြောင့် Surprise ဖြစ်သွားခဲ့တဲ့ Bella ”

CeleConnections ပရိသတ်ကြီးရေ Bellaကတော့နိုင်ငံ့ဂုဏ်ဆောင် Miss World Myanmar (2016) ရဲ့ Winner တစ်ယောက်ဖြစ်တဲ့အပြင် ချစ်စရာကောင်းလွန်းတဲ့ မျက်နှာပေါက်လေကို ပိုင်ဆိုင်ထားလေးတစ်ဦးပါပဲနော်။ပရိသတ်တွေကိုအချစ်ပိုစေတဲ့အချက်ကတော့ ခံစားချက်တွေကို အမြဲပွင့်ပွင့်လင်းလင်းနဲ့ ပြောတတ်တဲ့ အချက်လေးကြောင့်ပဲ ဖြစ်ပါတယ်။

Bella ကတော့ ခရီးတွေထွက်ရတာ သဘောကျတဲ့သူတစ်ယောက်ဖြစ်ပြီး မကြာမကြာခရီးတွေ ထွက်တတ်တဲ့ သူလေးတစ်ယောက်ပါ။ အချစ်ရေးအနေနဲ့ နိုင်ငံခြားသားချစ်သူကို လိုချင်တာဖြစ်ပြီး အခုချိန်မှာတော့သူငယ်ချင်းတွေနဲ့ ပေါ့ပါးလွတ်လပ်စွာ Single ဘဝကိုဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ပရိသတ်တွေထဲမှာတော့ ယောကျာ်းလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေများစွာပါဝင်ပါတယ်နော်။ ချစ်စရာကောင်းတဲ့ Bella ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ပြီး ဒီနေ့မှာလည်း ” နင့်မှာ ဘဲရှိလား မေးရင် aအ ရှိတယ် ဒါငါ့bell လို့ ခပ်တည်တည်နဲ့ ဖြေချပလိုက်တာပဲ ” ဆိုတဲ့ စာလေးနဲ့အတူ သူမရဲ့ ပုံတူခဲပန်းချီလေးကို ချွတ်စွတ်တူအောင်ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ပရိသတ်အားပေးမှုကို ဝမ်းသာကြည်နူးကာ သူမရဲ့MyDay မှာတင်ထားခဲ့တာပါ။ CeleConnections ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Bella ရဲ့ ပုံတူပန်းချီလေးကို သဘောကျရင်မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : BellaMyat Thiri Lwin
Candy -CeleConnections

error: Alert: Content is protected !!