“မိုးကလ်ာ” ဗီလိန္ ဇာတ္ရုပ္ကို ျမန္မာကားေတြမွာအသားက်ေနတဲ့ အိုဗာတင္းမဲ့႐ြဲ႕တာေတြ မျဖစ္ေအာင္ သရုပ္္ေဆာင္ထားတယ္ဆိုတဲ့ ခင္သဇင္

လူေလးလွသလို စိတ္ထားေလးလည္းေကာင္းျပီး ကူညီခ်င္စိတ္အျပည့္ရိွတဲ့ မင္းသမီးေလး ခင္သဇင္ကို အားလံုးသိျပီးသား ျဖစ္မွာပါ။ ခင္သဇင္က လက္ရိွထုတ္လႊင့္ျပသေနတဲ့ “အခ်စ္ဖြဲ့ေလညွင္း” ဇာတ္လမ္းတြဲမွာ စိတ္ထားမေကာင္းတဲ့ ဗီလိန္ဇာတ္ရုပ္ေနရာက သရုပ္ေဆာင္ထားျပီး ပရိသတ္ စိတ္ဝင္စားျခင္းခံေနရတာ ျဖစ္ပါတယ္။ ခင္သဇင္က သူမ သရုပ္ေဆာင္ခဲ့တဲ့ မိုးကလ်ာ ဆိုတဲ့ ဇာတ္ရုပ္အေပၚ ၾကိဳးစားထားပံုကို အခုလို ေျပာျပထားပါတယ္။

 

 

“မိုးကလ်ာ ဇာတ္႐ုပ္ကို ဗီလိန္ဆိုေပမယ့္ အိုဗာတင္း မဲ့႐ြဲ႕ တာေတြ မ ျဖစ္ေအာင္ ႀကိဳးစား သ႐ုပ္ေဆာင္ထားပါတယ္။ ခါရမ္းတြန္႔လိမ္မေနျဖစ္ေအာင္လည္း လမ္းေလွ်ာက္တာက အစ သတိထားခဲ့ပါတယ္။ ျမန္မာကားေတြမွာ ဗီလိန္ဆို အေသခါတြန္႔မဲ့႐ြဲ႕ၿပီး သ႐ုပ္ေဆာင္တာ အသားက်ခဲ့တာ မ်ားပါတယ္။ Sexy ဆိုလည္း ဖင္ေကာ့ရင္ေကာ့ၿပီး အတင္းႀကီးေတြ ျမဴဆြယ္ရပါတယ္။ ဒါေတြက ေခတ္က်န္ခဲ့ပါၿပီ။”

 

 

“ဒီကားမွာ sexy ဆိုလည္း အျမင္ မ႐ိုင္းေအာင္ ခႏၶာကိုယ္ အေနအထားက အစ ႀကိဳးစားေနထိုင္ထားပါတယ္။ ခ်စ္ေသာ ပရိသတ္ကို ရင္ထဲကေနပဲ စိတ္တကယ္ ႏွစ္ၿပီး ပါးပါးေလးေတြပဲ သ႐ုပ္ေဆာင္ထားပါတယ္။ အိုက္တင္ကို အၿငိမ္ဖက္ေလး သြားထားပါတယ္။ မနက္ျဖန္ညေတြလည္း ဆက္လက္ၾကည့္ရႈေဝဖန္ေပးၾကပါဦး” ဆိုျပီး ေျပာထားပါတယ္။

 

 

ခင္သဇင္ကေတာ့ “အခ်စ္ဖြဲ့ေလညွင္း” ဇာတ္လမ္းတြဲမွာ နွစ္ဖက္ခၽြန္ဗီလိန္ကေန အေကာင္းဆံုး သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနာက္လာမယ့္ အပိုင္းေတြမွာ မိုးကလ်ာကို ေစာင့္ၾကည့္ျပီး အားေပးၾကပါဦးေနာ္။

 

 

Source: Khin Thazin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“မိုးကလျာ” ဗီလိန် ဇာတ်ရုပ်ကို မြန်မာကားတွေမှာအသားကျနေတဲ့ အိုဗာတင်းမဲ့ရွဲ့တာတွေ မဖြစ်အောင် သရုပ်ဆောင်ထားတယ်ဆိုတဲ့ ခင်သဇင်

လူလေးလှသလို စိတ်ထားလေးလည်းကောင်းပြီး ကူညီချင်စိတ်အပြည့်ရှိတဲ့ မင်းသမီးလေး ခင်သဇင်ကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ခင်သဇင်က လက်ရှိထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာ စိတ်ထားမကောင်းတဲ့ ဗီလိန်ဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားပြီး ပရိသတ် စိတ်ဝင်စားခြင်းခံနေရတာ ဖြစ်ပါတယ်။ ခင်သဇင်က သူမ သရုပ်ဆောင်ခဲ့တဲ့ မိုးကလျာ ဆိုတဲ့ ဇာတ်ရုပ်အပေါ် ကြိုးစားထားပုံကို အခုလို ပြောပြထားပါတယ်။

“မိုးကလျာ ဇာတ်ရုပ်ကို ဗီလိန်ဆိုပေမယ့် အိုဗာတင်း မဲ့ရွဲ့ တာတွေ မ ဖြစ်အောင် ကြိုးစား သရုပ်ဆောင်ထားပါတယ်။ ခါရမ်းတွန့်လိမ်မနေဖြစ်အောင်လည်း လမ်းလျှောက်တာက အစ သတိထားခဲ့ပါတယ်။ မြန်မာကားတွေမှာ ဗီလိန်ဆို အသေခါတွန့်မဲ့ရွဲ့ပြီး သရုပ်ဆောင်တာ အသားကျခဲ့တာ များပါတယ်။ Sexy ဆိုလည်း ဖင်ကော့ရင်ကော့ပြီး အတင်းကြီးတွေ မြူဆွယ်ရပါတယ်။ ဒါတွေက ခေတ်ကျန်ခဲ့ပါပြီ။”

“ဒီကားမှာ sexy ဆိုလည်း အမြင် မရိုင်းအောင် ခန္ဓာကိုယ် အနေအထားက အစ ကြိုးစားနေထိုင်ထားပါတယ်။ ချစ်သော ပရိသတ်ကို ရင်ထဲကနေပဲ စိတ်တကယ် နှစ်ပြီး ပါးပါးလေးတွေပဲ သရုပ်ဆောင်ထားပါတယ်။ အိုက်တင်ကို အငြိမ်ဖက်လေး သွားထားပါတယ်။ မနက်ဖြန်ညတွေလည်း ဆက်လက်ကြည့်ရှုဝေဖန်ပေးကြပါဦး” ဆိုပြီး ပြောထားပါတယ်။

ခင်သဇင်ကတော့ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာ နှစ်ဖက်ချွန်ဗီလိန်ကနေ အကောင်းဆုံး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နောက်လာမယ့် အပိုင်းတွေမှာ မိုးကလျာကို စောင့်ကြည့်ပြီး အားပေးကြပါဦးနော်။

Source: Khin Thazin’s fb
Bilie – Cele Connections

error: Alert: Content is protected !!