ယူနီကုဒ်ဖြင့် ဖတ်ရန်
“ မိတ်ဆွေတွေ အချင်းချင်း အခင်အမင်ပျက်စေမယ့် အရာမျိုးတွေကို မမျှဝေကြပါနဲ့လို့ မေတ္တာရပ်ခံလိုက်တဲ့ ရဲရင့်အောင်”
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် ရဲရင့်အောင်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ရဲရင့်အောင်ရဲ့ သီချင်းတွေထဲက “ရပါတယ် ထွက်သွားပါ”နဲ့ “ No more Cry” သီချင်းတို့ဟာ ပရိသတ်တွေအကြိုက်ဆုံး သီချင်းတွေလို့ ပြောရမှာပါ..။ ရင်ထဲထိစေမယ့် သီချင်းစာသားနဲ့ သံစဉ်အမိုက်စားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့သူ ပဲဖြစ်ပါတယ်..။
ရဲရင့်အောင်ကတော့ အချစ်ရေးမှာ ချောမောလှပတဲ့ မင်းသမီးချော ဧငြိမ်ဖြူနဲ့ ချစ်သူတွေဖြစ်ပြီး ချစ်သူ သက်တမ်း (၃)နှစ်ကျော်သွားပြီဖြစ်ပါတယ်နော်..။ ရဲရင့်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေနဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၁၆)ရက်နေ့မှာတော့ ရဲရင့်အောင်က “ဗုဒ္ဓဘာသာပါ…..။ ဒါပေမယ့် ကျန်ဘာသာတွေ အကုန်လုံးကို လေးစားပါတယ်။ မိတ်ဆွေအချင်းချင်း အခင်အမင်ပျက်စေမယ့် အရာတွေကို ကျေးဇူးပြုပြီး မShare ကြပါနဲ့ခင်ဗျာ…..” ဆိုပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကနေ မြင်မိတဲ့ သူ့ရဲ့ အမြင်လေးကို တင်လာခဲ့ပါတယ်..။
ဘယ်လိုတွေပဲ ဖြစ်နေနေ ကျန်ဘာသာတွေကိုလည်း လေးစားပြီး မိတ်ဆွေ အချင်းချင်း အခင်အမင် ပျက်စေမယ့် ကိစ္စအကြောင်းအရာတွေကို လိုက်လံ မျှဝေတာမျိုး မလုပ်ကြဖို့ ကို ရဲရင့်အောင်က သူ့ရဲ့ အမြင်လေးနဲ့ ပြောကာ မျှျဝေတင်လာခဲ့တာ ပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ရဲရင့်အောင်နဲ့ အတွေးတူခဲ့ရင် မှတ်ချက်လေးတွေ ရေ းပေးခဲ့ကြပါဦးနော်..။
Source: Yair Yint Aung’ s Facebook
Sakura(Cele Connections)
error: Alert: Content is protected !!